ရက်ကိုးဆယ်စီမံကိန်း-၁၂

1.2K 163 20
                                    

Zawgyi

အာဒံသီတဲ့တေးတစ်ပုဒ်

"ချစ်လို့..."

"ဘာ....?"

မရ​တော့ဘူး...ဒီထက်​ထပ်​ပြီးမြိုသိပ်​ထားရရင်​ခများ
ပြောသလို ကျ​နော်​တကယ်​ရူးသွားလိမ့်​မယ်​..

"ချစ်​လို့....ခများကို....အိုဆယ်​ဟွန်းဆိုတဲ့ခများကို
ချစ်​မိ​နေလို့"

ရူးမိုက်​စွာ ပတ်​ဝန်းကျင်​ကို​မေ့လို့ ကျ​နော်​​အော်​ဟစ်​ပစ်
လိုက်​သည်​။
သို့​သော်​ ကိစ္စမရှိ။အိမ်​၏အ​ပေါ်ဆုံးထပ်​က ကျ​နော့်
အိပ်​ခန်းဟာ အလုံခန်းဖြစ်​တာမို့တစ်​အိမ်​သားလုံးမည်
သူမျှကြားလိမ့်​မည်​မဟုတ်​။

ထိုအခိုက်​ ကျ​နော့်​အင်္ကျီစကိုဆုတ်​ကိုင်​လာသည့်
သူ့လက်​တို့ဟာပို၍တင်းကြပ်​လာသလို တတိယ
အကြိမ်​​မြောက်ကျ​နော့်​ကိုနာကျင်​မှု​ပေးသည်​။

"မင်းပါးစပ်​ကိုပိတ်​ထား....ပတ်ချန်းယောလ်...
ငါကမင်းအမ​ယောက်ျား မင်းရဲ့​ယောက်​ဖဆိုတာကို
ခေါင်းထဲမှာထည့်​ပြီးမင်း ပါးစပ်ကိုပိတ်​လိုက်​​တော့"

နာကျင်​သွားတဲ့ နှုတ်​ခမ်း​ထောင့်​မှ ငံရှရှအရသာကို
သိသာစွာခံစားလိုက်​ရသည်​။
စီးကျလာသည့်​ ​သွေးစက်​ကိုလက်​ခုံနဲ့ပွတ်​ဆွဲသုတ်​လိုက်
ပြီး​နောက် အခန်းထဲကထွက်​သွားရန်​ပြင်​​နေသည့်
သူ့လက်​ကို ​ဆောင့်​ဆွဲလိုက်​ရင်း သူ့မျက်​ဝန်းတို့ကိုစိုက်
ကြည့်​လျက်​...

"မရ​တော့ဘူး....မမရှိ​နေမှန်းသိ​ပေမဲ့လည်း အရမ်း​တွေ
ချစ်​မိသွားလို့...ကျ​နော်​မြိုသိပ်​ထားလို့မရ​တော့ဘူး"

ချစ်​တယ်​...
မကြည့်​ပါနဲ့...
အဲ့လို အထင်​​သေး၊စက်​စုပ်​တဲ့အကြည့်​မျိုး​နဲ့
မညင်းဆဲနဲ့....

"အရူးထမ​နေနဲ့ ပတ်​ချန်း​ယောလ်​...ငါ့ကိုအားမနာရင်
တောင်​ မင်းအမမျက်​နှာကို​ထောက်​ပြီး မင်းအ​တွေး
တွေကိုရပ်​တန်းကရပ်​လိုက်​...."

အမိန့်​​ပေးသလို ​အေးစက်​စက်​​လေသံနှင့်​အတူ
ကျ​နော့်လက်​ထဲက​နေ ​ဆောင့်​ရုန်းကာ အခန်းထဲမှ
ခတ်​သွက်​သွက်​ထွက်​သွားသည့်​သူ့​ကျောပြင်​ကို​ တမ်း
တစွာ​ငေးမိသည်​။

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now