ရက်သုံးဆယ်စီမံကိန်း-၁၁

1.2K 158 19
                                    

Zawgyi

အာဒံသီတဲ့တေးတစ်ပုဒ်

"ချန်း​ယောလ်​..."

ဘက်​ခ်​ဟွန်းက ကျ​နော့်​နာမည်​ကို​ရေရွတ်​လို့အနား
မှာလာထိုင်​သည်​။

တီဗီစင်​ကိုအ​ကြောင်းမဲ့စွာ​ငေး​မောရင်း ကျ​နော့်​ခံစား
ချက်​တို့ကိုအ​ဖြေရှာရန်​ခဲယဉ်း​နေရသည်​။

မွန်းကြပ်​တယ်

မနက်​မိုးလင်းချိန်​ မျက်​လုံးနှစ်​လုံးပွင့်​ထဲက ​တွေ့
ချင်​​နေမိတဲ့စိတ်​ကို ဘယ်​လိုမှချုပ်​တည်း၍မရနိုင်​။
တွေ့ချင်​တယ်​ ဆိုတဲ့ခံစားမှုရဲ့​နောက်​ကွယ်​မှာ ဘယ်
လိုအ​ရောင်​ဆိုးမှု​တွေရှိ​နေလည်း ကျ​နော်​မစဉ်း
စားချင်​​တော့ဘူး။

အခုလက်​ရှိထိလည်း ကျ​နော့်​ခံစားချက်​မှန်​သမျှကို
နားမလည်​နိုင်​​သေးသလို အချစ်​ဆိုတာဟာလည်း
ဝေ​ဝေဝါးဝါး။

"မင်းဘာ​တွေခံစား​နေရလဲ...ငါတကယ်​သိချင်​တယ်​...
အဲ့လိုမှိုင်​​တွေ​နေတတ်​တာ မင်းမဟုတ်​သလိုပဲ"

ဘက်​ခ်​ဟွန်းက အားမလိုအားမရဆိုလာသည်​။

ဟုတ်​တယ်​...
ကျ​နော်​ကိုယ်​တိုင်​​တောင်​ ကိုယ့်​နဂိုအ​နေအထား​ကိုကိုယ်​မမှတ်​​တော့သလိုလို။

"ငါ...ငါမဖြစ်​သင့်​တာ​တွေဖြစ်​​နေပြီ ဘက်​ခ်​ဟွန်း...."

"ဘာကိုလဲ...?"

စိုးရိမ်​ရိပ်​လွှမ်းစွာ ​မေးခွန်းထုတ်​လာတဲ့ ဘက်​ခ်​ဟွန်းကို ကျ​နော်​ပြန်​မ​ဖြေမိ။
လက်​ရှိအချိန်​မှာ အဖြစ်​ချင်​ဆုံးအရာကို​ပြောပါဆိုလျှင်
အိမ်​ကိုအမြန်​ဆုံးပြန်​​ပြေးလိုက်​ကာ သူ့မျက်​နှာကို
ငေး​မောလိုက်​ချင်​မိပါရဲ့...

အ​ကြောင်းပြချက်​မခိုင်​လုံပေမဲ့ အလိုမကျတဲ့ပုံစံမျိုး
နဲ့သူ့မျက်​နှာ တည်​တည်​ကိုတမ်းတ​နေမိသည်​။
နှစ်​ရက်​ပင်မပြည့်​​သေးတဲ့အချိန်​အတွင်းမှာ ဤမျှအထိ​တွေ့ချင်​​နေရခြင်းက ဘာ​ကြောင့်​ရယ်​အ
မည်​မ​ဖော်​တတ်​။

လွမ်းသည်​ဟု ဆိုရ​အောင်​လည်းလွမ်း​လောက်​သည့်
အ​ခြေအ​နေလား....

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now