ရက်​ကိုးဆယ်​စီမံကိန်း-၂

1.4K 166 6
                                    

Zawgyi

အာဒံသီတဲ့​တေးတစ်​ပုဒ်

မြင်​ကွင်းထဲ၌ တက်​​ရောက်​ရမည့်ကျောင်း​တော်​ကြီးက
စိုက်​မြိုက်​စွာ​ရောက်​ရှိလာခြင်းနှင့်​အတူ သူဟာကားကိုရပ်​လိုက်​သည်​။

"​........."

ခါးပါးကိုဖြုတ်​​နေရင်း သူ့ထံမှတစ်​စုံတစ်​ခု​ပြောသလိုရှိတာ​ကြောင့်​ နားကြပ်​တစ်​ဖက်​ကိုဖြုတ်​ကာ ပြန်​​မေးရသည်​။

"​နေ့လည်​ လာကြိုမယ်​..."

ထိုအခါ ​ခေါင်းညိမ့်​ကာ လက်​မနှင့်​လက်​ညှိုးထိပိကို
ထိကာဝိုင်းလိုက်​ပြီး

"OK...."

ထိုသို့​ပြောပြီး​ ကား​ပေါ်ကဆင်းကာ တံခါးကိုအသာပြန်​ပိတ်​လိုက်​ပြီး​နောက်​ ပြန်​ပြမှာမဟုတ်​မှန်းသိ​ပေမဲ့ ကားထဲကသူ့ကိုကြည့်​ကာ လက်​ပြလိုက်​​သေး
သည်​။
ပြောင်​​ချော်​​ချော်​ဖြစ်​​နေမည့်​ ကျ​နော့်​ပုံစံကိုကြည့်​ရင်း
သူက​တော့တည်​ညိမ်​စွာပင်​ကား​မောင်း၍ထွက်​သွားသည်​။

ကျောင်းထဲကိုဝင်​လိုက်​သည်​နှင့်​ မိန်းခ​လေးတချို့၏
အသံပိစိများ ဂယတ်​ရိုက်​လာသည့်​​ကြောင့်​ မချိပြုံးကာ​ခေါင်းကိုမသိမသာခါယမ်းလိုက်​မိသား။
ကိုယ့်​ဘာကိုယ့်​အသာ​လေး​နေတတ်​​ပေမဲ့ ​စော်​ကြည်​​နေခြင်းဟာလည်း ကျ​နော့်​ရဲ့​မွေးရာပါအားနည်းချက်
တစ်​ခုပင်​။

ကျောင်းတစ်​ဝန်းလုံးဖြတ်​​လျှောက်​လာစဉ်​​ရော
အခန်းဆီ​ရောက်​သည်​အထိပါ ​ကျောင်းရှိမိန်းက​လေး
များအနက်​မှ သုံးပုံနှစ်​ခုံ​ကျော်​​ကျော်​​လောက်​သော
အကြည့်​နှင့်
အ​ပြောတို့ကကျ​နော့်​ထံပါးသာတွယ်​ကပ်
နေကြသည်​။

အခန်းထဲသို့ဝင်​ကာ မိမိ​နေရာမှာထိုင်​လိုက်​ပြီး
ဖုန်းကိုဖွင့်​လိုက်​စဉ်​ ဝင်​ထား​သော message အနည်းငယ်​ကို​တွေ့ရ၏။

➡ကိုကို နိုးပြီးလား....
at 6:00

➡ကိုကို မနက်​စာစားပြီးပြီလား...
at 7:30

➡ကိုကို ​ကျောင်းကို​စော​စောလာခဲ့​နော်​ ​ပြောစရာရှိတယ်
at 7:50

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now