အနီးဆုံးသို့

1.3K 160 13
                                    

အာဒံသီတဲ့တေးတစ်ပုဒ်

Zawgyi

*သိပ်ချစ်တာပေါ့....ကလေးက ကိုယ့်ရဲ့အချစ်ဦး...

ပြီးတော့ ရူးမတတ်ချစ်ရတဲ့ အချစ်ဆုံးချစ်သူ...*

သတ္တိဆိုတာမျိုးက ကျနော်မွေးကတည်းက အမေ့ဗိုက်ထဲမှာ
ကျန်နေခဲ့သည်နဲ့ တူပါရဲ့...
ဆေးမိနေသလို ထိုစကားလုံးတွေ ပြောလို့ထွက်မသွားတဲ့
ပါးစပ်က ကလေးကိုအခါခါ နာကျင်မှုတွေချည်းပေးမိနေတာမျိုး။

"နည်းနည်းလောက်တော့ ပြန်ဖြေဦးလေဗျာ....ကျနော်က အရူးလား...."

ငိုသံတွေ ပိုကျယ်လာတဲ့ကလေးကြောင့် ကျနော်မကြာခင်ရူးတော့မည်ထင်ရဲ့....

တောင်းပန်တယ် ကလေး...

ကိုယ်ဟာ မုန်းဖို့ပဲ ထိုက်တန်တဲ့လူစားမျိုး....

call end ကိုနှပ်လိုက်ခြင်းနှင့်အတူ နောက်ဆုံးအကြိမ်မြောက်
ကလေးကို ရက်စက်ခွင့်ပြုဟးပါ။

လူ့လောက လူ့ဘဝဆိုတာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးသင့်သည့်စိတ်ပျက်ဖွယ် နေရာတစ်ခုမဟုတ်လား...

************

ဒဏ်ရာဟာ တဆစ်ဆစ်ကိုက်ခဲနေသည့်တိုင်

ဖြေဆေးဆိုတာ ဖော်စပ်ခွင့်ပင်မရှိတဲ့အခိုက်အတန့်....

လှပတဲ့အိမ်မက်တွေမှာ မင်းပါပေမဲ့

လက်တွေ့အကောင်အထည်ဖော်ဖို့ ကိုယ်ကိုယ်တိုင်တောင်

အခွင့်မရှိတဲ့အခါ မင်းအိမ်မက်ကိုသာ မင်းမက်ပါ ကလေး...

အချိန်က ကုစားသွားလိမ့်မယ်လို့ ကိုယ့်အတွက်ပါရောပြီးညာပါရစေ...

ကလေးမသိတဲ့ ရင်ထဲက ချစ်ခြင်းမေတ္တာတွေနဲ့ဒဏ်ရာတွေကို

သိုဝှက်ရင်း ထာဝရအတွက် သစ္စာဆိုတယ်...

မေပယ်တွေအရောင်ပြောင်းပေမဲ့ ကရုယ့်မေတ္တာတွေထာဝရမ

ဟောင်းဘူး ကလေးငယ်....

****************

"အစ်ကိုလေး....အစ်ကိုလေး...."

ခတ်တိုးတိုးအသံဟာ နားထဲဝင်တစ်ချက်မဝင်တစ်ချက်...

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now