ရက်​ကိုးဆယ်​စီမံကိန်း-၎

1.4K 161 9
                                    

Zawgyi

အာဒံသီတဲ့​တေးတစ်​ပုဒ်

"ချန်း​ယောလ်​...ဘာလုပ်​​နေတာလဲ...."

သူဟာ အံ့သြခြင်းမရှိသလို၊ထိပ်​လန့်​ခြင်းလည်းမရှိစွာ
နားမလည်​သ​ယောင်​ခတ်​​အေး​အေး​မေးသည်​။

"အာ...ဆယ်​ဟွန်းရှီ အိပ်​​ပျော်​​နေတာ...အဲ့တာ​ခေါ်သွား​ပေးမလို့ ပင်​ပန်း​နေတယ်​မလား"

"အိမ်​​ရောက်​ပြီလား...?"

ထိုသို့​ပြောပြီး​နောက်​ ​ခေါင်း​လေး​ထောင်​လာကာ ပတ်​ပတ်​လည်​ကိုသူအကြည့်​ပို့သည်​။

"အွန်း..."

"ရပြီ​လေ...နိုး​နေပြီပဲ ကိုယ့်​ဘာကိုယ်​သွား​တော့မယ်​"

သူ​ပြောမှ ကျ​နော်​ဟာသူ့လည်​ဂုတ်​​​ပေါ်ကကျ​နော့်
လက်​ကိုသတိရသား။

"အာ...ဟုတ်​"

လက်​ကိုအမြန်​ယုတ်​လိုက်​ခြင်းနဲ့အတူ ​ရှေ့သို့ကိုင်းကျ​နေသည့်​ ကျ​နော့်​ကိုယ်​ကိုအမြန်​မတ်​လိုက်​​တော့...

*ဒုတ်​...*

"အ..."

နောက်​​စေ့နဲ့မိတ်​ဆက်​သွားရသည်​က ကား​၏အ​ပေါ်ဘက်​​ဘောင်​ရှိ လက်​ကိုင်​ကွင်း။
အသာပြန်​ငုံ့ကာ အပြင်​ထွက်​လိုက်​ရင်း ​နာသွားသည့်​​ခေါင်းကိုဖိပွတ်​လျက်​သား။

"​ဖြေး​ဖြေးလုပ်​မှ​ပေါ့..."

အိုဆယ်​ဟွန်းဟာ သတိ​ပေးသလိုဆိုရင်းကားထဲမှထွက်​ကာအိမ်
ထဲသို့လှမ်းဝင်​သွားသည့်​သူ့​နောက်​​ကျောပြင်​ဟာတ​ရွေ့​ရွေ့။

"ဟူး...."

စိတ်​ထဲဘယ်​လိုမှန်းမသိ။

ခေါင်းကို​ဆောင့်​မိသွားလို့နဲ့တူပါရဲ့....

***********

"အွန်း...ဂျုံမဲ​လေး..."

"မင့်းမေလင်​ ဂျုံမဲ...ချန်း​ယောလ်​ မင်းမ​နှောက်​နဲ့​နော်​"

"ငါမ​နှောက်​လည်းမင်းက​နောက်​ပြီးသားပါကွာ...ဘာ​ပြောမှာလည်း​ပြော"

ဖုန်းထဲက​နေ ကျ​နော့်​ကိုထွက်​ရိုက်​မတက်​အူယား
ဖားယား​ဒေါသထွက်​​နေသည့်​ ဂျုံအင့်​ကိုစ​နောက်​ရင်း
ဖွာလက်​စ​ဆေးလိတ်​ကို တစ်ချက်​ရှိုက်​လိုက်​သည်​။

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now