Ep-41

153 13 4
                                    

Zawgyi

Keyနဲ့Jonghyun hyungလည်း ကုမ္ပဏီမှာ အရေးကြီး ကိစ္စရှိသည်ဟု ဆိုကာ အလောတကြီးပြန်သွားကြ၍ Minhoတို့သာ ကျန်ခဲ့ပြန်သည်....

ကျောင်းတွေပြန်ဖွင့်တော့မှာမို့ မနက်ဖြန်ဆို ကလေးတွေကို လာခေါ်မည်ဟု Sodam noonaဖုန်းဆက်ထားသဖြင့် ဒီနေ့တော့ ကလေးတွေ စိတ်ကြိုက် ပေးနေမည်ဟု Minho စဉ်းစားထားသည်...

"ရေးဟေး ရေထဲဆင်းရတော့မယ်....''

ရေထဲ ပေးဆင်းဆော့မယ်လို့ ပြောလိုက်ထဲက ပျော်နေသော သမီးငယ်လေးက ညနေ နေစောင်းချိန် ရေထဲလည်း ပေးဆင်းရော ခုန်ပေါက်နေတော့သည်....

သမီးလေးကို ရေကူးဝတ်စုံ ဝတ်ပေးပြီး အပေါ်ကနေ သက်ကယ်ဝတ်စုံကို ထပ်ဝတ်ပေးလိုက်သည်...

"Appa သားသား ဒီဟာကို မဝတ်ချင်ဘူး....''

"မဝတ်ရင် ရေထဲမဆင်းရဘူး... အိမ်ထဲမှာပဲနေခဲ့....''

သက်ကယ်ဝတ်စုံကို လက်ညိုးထိုးကာ မျက်နှာမဲ့နေသော သားသားကို Minho ဆူသလို ပြောလိုက်ရင်း တစ်ဖက်က သမီးလေးကို မျက်စိမှိတ်ပြလိုက်သည်...

"ကိုကို Sarangလည်း ဝတ်ထားတယ် ကိုကိုလည်း ဝတ်... မဝတ် ရင် ခေါ်ဘူး ကိုကို့ကို...''

သမီးလေးက မခေါ်ဘူးဟုဆိုကာ ထွက်သွားတော့မှ ချက်ချင်းကောက်ဝတ်လိုက်သော သားသားသည် သမီးလေး မခေါ်မှာကိုတော့ ကြောက်သည်...

ဒါကြောင့် Minhoလည်း သားသားကို ပြောမရတဲ့အချိန်တွေဆို သမီးလေးနဲ့သာ ပြောခိုင်းကြည့် နှစ်ခါမပြောရဘူး... အဲ့လောက်ထိ သားသားက သမီးလေးကို ချစ်တာ...

"Hyung သွားရအောင်....''

ကလေးတွေထက်တောင် တက်ကြွနေသော ကလေးငယ်က အောက်က ဘောင်းဘီတိုအဖြူ အပေါ်ကရှပ်အဖြူခပ်ပါးပါးကို ကြယ်သီးမတပ်ပဲ ဝတ်ထားလေတာကြောင့် ကလေးငယ်၏ ဖြူဝင်းဝင်းအသားတို့ကို ထင်းရှင်းစွာမြင်နေရသည်...

"ကလေးငယ် ဒီနေရာက hyungတို့ရဲ့ကိုယ်ပိုင်နေရာမှာမို့ ကလေးငယ် အခုလိုဝတ်တာကို hyung ဘာမှမပြောတာနော်... သိတယ်မလား...''

"အွန်း သိတာပေါ့... ကျွန်တော်ကလည်း ကျွန်တော်တို့ မိသားစုတွေပဲရှိလို့ ဝတ်တာပါနော်...''

Memory of Between Us [Zawgyi /Unicode ]Tahanan ng mga kuwento. Tumuklas ngayon