Ep-24

165 15 0
                                    

(Zawgyi)

ဒီ​တစ်​​ခေါက်​ Sunday ပိတ်​ရက်​သည်​.... Minhoကို အ​တွေးများဖြင့်​ အချိန်​ကုန်​ဆုံး​စေခဲ့သည်​....

မနက်​က ​တွေ့ခဲ့​သော ​ကောင်​​လေးအ​ကြောင်းကိုသာ စဉ်းစား​နေခဲ့မိသည်​မှာ အကြိမ်​ကြိမ်​ အခါခါ...

"မင်္ဂလာပါ... ကျွန်​​တော့်​ နာမည်​ Lee Tae Minပါ ​တွေ့ရတာ ဝမ်းသာပါတယ်​...."

Minhoကို အပြုံးချိုချို​လေးဖြင့်​ တရိုတ​သေ နှုတ်​ဆက်​​နေ​သော​ကောင်​​လေးကို Minho ​ကြောင်​အမ်းအမ်းဖြင့်​သာ ကြည့်​​နေမိပြီး ပြန်​နှုတ်​ဆက်​ဖို့​ ​မေ့​လျော့​နေခဲ့သည်​...

ဒီ​ကောင်​​လေးက TaeTaeလား?... မဖြစ်​နိုင်​ပါဘူး...

"Appa ​တွေ့လား... ဦးဦးTaeTaeပါဆို... appaက သားသား ​ပြောတာမယုံဘူး..."

"ဟမ်​... ​အေး ​အေး..."

သားသားက Minho လက်​ကို လှုပ်​ရမ်းကာ ​ပြောလာ​တော့မှပဲ Minho အသိတို့ ဝင်​လာ​တော့၏...

"ဒီက?..."

"Lee Tae Minပါ hyung...."

Minho သတိမထားမိတာကို ​သိ​နေသည့်​အလား ​ကောင်​​လေးက ​နောက်​တစ်​ကြိမ်​ထပ်​နှုတ်​ဆက်​သည်​...

"Hyungက Choi Minhoပါ... သားသားရဲ့ appaပါ... ​တွေ့ရတာ ဝမ်းသာပါတယ်​ Lee Taemin shi..."

Minho မိတ်​ဆက်​ရင်းနဲ့ပဲ အ​ရှေ့မှာ ရပ်​​နေသည့် ​ကောင်​​လေးကို အကဲခတ်​​မိသည်​...

မျက်​နှာက​တော့ TaeTaeနဲ့ အ​တော်​တူသည်​... မသိရင်​ အမြွှာ​တွေအတိုင်းပဲ...

ဒါ​ပေမယ့်​ ဒီ​ကောင်​​လေးက တည်​ငြိမ်​သည်​... ရင့်​ကျက်​သည်​...

TaeTaeက​တော့ က​လေးဆန်​သည်​...

ထို​ကောင်​​လေးရဲ့ အပြုံး​တွေသည် ​လျို့ဝှက်​ဆန်​လွန်းသည်​...

TaeTaeက​တော့ ပြုံးလိုက်​ရင်​​တောင်​ သိပ်​ကို ဖြူစင်လွန်းမှန်းသိသာသည်​...

ပြီး​တော့ ဒီ​ကောင်​​လေးက TaeTaeထက်​ပို ​ချောသည်​... ဖြူလွန်းတဲ့ အသားရည်​က blond hair​ကြောင့်​ ပိုဝင်း​နေသလို... မျက်​နှာကလည်း မိန်းက​လေး​တွေ​တောင်​ အရှုံး​ပေးရ​လောက်​​အောင်​ မိန်းမ​ချော​ချောသည်​....

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now