Ep-16

163 18 4
                                    

(Zawgyi)

"Hyung အခုချက်​ချင်း Minhoအိမ်​ကိုလာခဲ့...."

ညသန်း​ခေါင်​ယံကြီး Jonghyun ထံသို့ ဖုန်းဆက်​လာတဲ့ က​လေးရဲ့ ​လေသံသည်​ မာ​ကျောကာ ​အေး​အေးဖြစ်​​နေသည်​ဟု Jonghyunခံစားမိလိုက်​သည်​....

"Hyung.... TaeTaeဘယ်​မှာလဲ...."

"Hyung... ​TaeTaeကို ဘယ်​ကို ​ခေါ်သွားတာလဲ ​ပြောပြ​ပေးပါ ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​... TaeTaeနဲ့ ပတ်​သတ်​ပြီး hyungတစ်​ခုခု သိ​နေတာမလား... TaeTaeကို hyung​ခေါ်သွားတာ ကျွန်​​တော်​ လုံခြုံ​ရေးကင်​မရာ​တွေက​နေ အကုန်​မြင်​ပြီးပြီ.... ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​ ကျွန်​​တော်​ကို တစ်​ခုခု ​ပြောပြပါ..."

က​လေးကလည်း Jonghyun အိမ်​ထဲဝင်​ဝင်​ခြင်း ဆီးကြိုကာ​မေးလာသလို... Minhoကလည်း Jonghyunလက်​ကို​ပြေးဆွဲလို့ သား​ပျောက်​မိခင်​တစ်​ဦးလို ငိုယိုကာ ​ပြော​နေသည်​ကို ကြည့်​ပြီး Jonghyun စိတ်​မ​ကောင်းမိ...

"Hyung ​ပြောပြပါမယ်​...."

Jonghyun လက်​​ချောင်းတို့ဖြင့်​ ဆံပင်​တို့ကို ထိုးဖွရင်း သက်​ပြင်းချကာ ထိုင်​ချလိုက်​​တော့ က​လေး​ရော Minhoပါ သူ့ကို မျက်​​တောင်​မခတ်​ကြည့်​​နေကြသည်​....

"TaeTaeကို သူ့အစ်​ကို လက်​ထဲပြန်​ထည့်​​ပေးလိုက်​တာ...."

"ဟင်​!..."

"ဘယ်​လို?..."

"ဟုတ်​တယ်​... TaeTaeက hyungသူငယ်​ချင်းရဲ့ ညီ​လေး... TaeTae​ပျောက်​​နေတာကို ရှာဖို့ hyungကို အကူညီ​တောင်းတယ်​​လေ... အဲ့ဒီအချိန်​မှာ Minhoအိမ်​မှာ TaeTaeကို ​တွေ့လိုက်​ရ​တော့ အတည်​ပြုကြည့်​ပြီး ​သေချာ​တော့ ​ခေါ်သွားလိုက်​တာ..."

"ဘာလို့ ကျွန်​​တော်​တို့မ​ပြောရတာလဲ... Minhoကို မ​ပြောရင်​​တောင်​... ကျွန်​​တော်​က hyungချစ်​သူ​လေ မဟုတ်​ဘူးလား..."

က​လေးထံမှ စိတ်​ပျက်​သလို ​လေသံကို Jonghyunကြားလိုက်​ရသည်​....

"Hyungကို အထင်​မလွဲပါနဲ့ က​လေးရယ်​... TaeTaeအ​ကြောင်းကို တ​ယောက်​​ယောက်​သိသွားတာနဲ့ TaeTae အသက်​အန္တရာယ်​ကို စိုးရိမ်​ရလို့ ဘယ်​သူမှကို မ​ပြောပါနဲ့ဆိုပြီး Jinkiအကူညီ​တောင်းထားလို့ပါ..."

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now