Ep-7

174 15 2
                                    

(Zawgyi)

"Minho​ရေ ငါ​ရောက်​ပြီဟ...."

"​အေး လာပြီ လာပြီ...."

လူ​ခေါ်ဘဲလ်​ကလည်း တ​တောင်​​တောင်​... အသံကလည်း တစာစာနဲ့ အိမ်​​ရှေ့က Keyကို အသံပြန်​​ပေးရင်း တံခါး သွားဖွင့်​​ပေးလိုက်​​တော့ ပစ္စည်းအပြည့်​ပါ​သော ခြင်းတစ်​ခြင်းကို လက်နှစ်ဖက်ဖြင့်​​​​ဆွဲလို့ အိမ်​ထဲ ဝင်​လာသည်​... ထိုခြင်းအပြည့်​သည်​ Keyကိုယ်​တိုင်​လုပ်​လာတဲ့ စားစရာ​တွေပဲဖြစ်​လိမ့်​မည်​....

"ဟူး ​မောလိုက်​တာကွာ... မင်းကလဲ တံခါး​လေးလာဖွင့်​ဖို့ကို ကြာ​နေလိုက်​တာ..."

"မင်းဟာမင်း ဖွင့်​ဝင်​လာလည်း ရ​နေတာကို..."

"ငါ လက်မအားလို့​ပေါ့ကွာ... ​မောရတဲ့ထဲ မင်းကတစ်​မျိုး..."

"ဦးဦးKey သားသား ​ရေယူရာရယ်​...."

ခြင်းကို ​ဘေးချလို့ ကြမ်းပြင်​မှာ ခြေပစ်​လက်​ပစ်​ ထိုင်​ချလိုက်​​သော Keyကို သားသားက ​ရေတစ်​ခွက်​ ကမ်း​ပေးလာသည်​....

"ငါ့ သား​လေးပဲ အလိုက်​သိတယ်​.... လာပါဦး သားသား...."

သားသားက​တော့ Key​ပေါင်​​ပေါ် ​စွေ့ကနဲ့​ရောက်​သွားသည်​....

"ဦးဦးက သားသားကို လွမ်း​နေတာ... သားသားက​ရော...."

"လွမ်းတာ​ပေါ့... appaမှ အပို့​ပေးတာကို...."

သားသားက မျက်​နှာ​လေး မဲ့တဲ့ မဲ့တဲ့နဲ့ Keyကို ​ပြော​နေသည်​မှာ မြင်​သူသနားစရာ.... Keyကို သိပ်​လွမ်း သိပ်​သတိရ​နေသူလိုမျိုး....

"​ဟေ့​ကောင်​ Choi Yoogeum... မင်းကို ငါလိုက်​မပို့တာ မဟုတ်​ဘူး​လေ.... မင်းဟာမင်း TaeTaeနဲ့ ကစားပြီး ဦးဦးKeyကို ​မေ့ထားတာ ငါ့ အပြစ်​မ​ပြောနဲ့...."

"ဟုတ်​ဖူး​နော်​ ဦးဦး သားသားက ဦးဦးကို သတိရ​နေတာ.... appa​ကြောတာ အယုံနဲ့​နော်​ ဦးဦး...."

Keyမျက်​နှာကို သူ့လက်​​သေး​သေး​လေး​တွေနဲ့ အုပ်​ကိုင်​ပြီး appaဖြစ်​သူကို မယုံနဲ့လို့​ပြော​နေတဲ့ သားသားကို Keyအသည်းယားစွာဖျစ်​ညှစ်​လို့ အနမ်း​တွေ တဝကြီး​ပေးပစ်​လိုက်​သည်​....

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now