Ep-17

156 16 2
                                    

(Zawgyi)

Minho ဒီရက်​ပိုင်း ဘာလုပ်​လုပ်​ စိတ်​မပါနိုင်​ဖြစ်​​နေသည်​... အလုပ်​မှာလည်း အမှားအယွင်း​တွေဖြစ်​​နေတာလည်း အကြိမ်​ကြိမ်​...

Minho စိတ်​ပူ​နေမိတာ TaeTaeတစ်​​ယောက်​ နိုင်​ငံရပ်​ခြားမှာ အဆင်​မှ​ပြေရဲ့လား...

အစားအ​သောက်​​ရော မှန်​မှန်​စားရဲ့လား... ညဘက်​​တွေမှာ ​ယောင်​ပြီးငို​နေ​သေးလာဆိုတဲ့ အ​တွေးတို့ပဲ Minho စိတ်​ထဲ အ​တွေး​တွေထဲ ကြီးစိုးလို့​နေသည်​...

ခေါ်သွားသူဟာ အကိုဖြစ်​သူမှန်းသိထား​ပေမယ့်​လည်း စိတ်​ပူ​နေမိတာပဲ...

သားသားကလည်း တစ်​ချိန်​လုံး TaeTaeကို​မေး​နေတက်​သည်​....

*Ring Ring*

"ဟယ်​လို Choi Minhoပါ..."

"....."

"အာ sorryပါ ဆရာ... ကျွန်​​တော်​ အလုပ်​လုပ်​ရင်း​နဲ့ ကိုင်​လိုက်​လို့ ဆရာ့ဖုန်းမှန်းမသိလိုက်​ဘူး..."

Minhoဖုန်း​ပြော​နေရင်းမှ ဖုန်းကို ပြန်​ခွာပြီး ကြည့်​လိုက်​​တော့ Minho အသိတစ်​​ယောက်​ ဆက်​သွယ်​​ပေးထားတဲ့ စိတ်​ကျန်းမာ​ရေး အထူးကုဆရာဝန်​ကြီး ထံမှဖြစ်​​နေသည်​...

အ​တွေးလွန်​​နေတာနဲ့ပဲ ဖုန်းနံပါတ်​ မကြည့်​ပဲကိုင်​လိုက်​မိတာ....

"ကျွန်​​တော်​ အားနာမိပါတယ်​ ဆရာရယ်​... ကျွန်​​တော်​​ပြောတဲ့ လူနာက အခုမကုဖြစ်​​တော့ဘူး သူ့​ဆွေမျိုး​တွေက ကု​ပေးမယ်​ဆိုပြီးလာ​ခေါ်သွားပြီ..."

Minho အားနာမှုဖြင့်​ ​တောင်းပန်​​နေမိ​တော့သည်​...

TaeTaeကို ကု​ပေးမည်​ဟူ​သော စိတ်​ကူးဖြင့်​ အသိတစ်​​ယောက်​ထံမှ စုံစမ်းသိရသည့်​ ထိုဆရာဝန်​ကြီးထံ TaeTaeအ​ကြောင်း ဆရာဝန်​ကြီးကို သိရ​လောက်​ရှင်းပြထားကာ ယခုအပတ်​တွင်​ လူကိုယ်​တိုင်​​တွေ့ကြည့်​ပြီး ကုသ​ပေးမည်​ဟု ရက်​ချိန်း​ပေးထားသည်​ကို ​ရောက်​မလာ၍ ဆရာဝန်​ကြီးက ဖုန်းဆက်​လာခြင်းဖြစ်​သည်​...

"ကျွန်​​တော်​ တကယ်​ပဲ အားနာမိပါတယ်​ ဆရာကြီး...."

"......"

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now