Ep-25

169 17 0
                                    

(Zawgyi)

"သားသား​ရေ appa ပြန်​လာပြီ...."

သားသားကို လှမ်းအသိ​ပေးရင်း အိမ်​ထဲသို့ အဝင်​ ဆူဆူညံညံ အသံ​တွေ​ကြောင့်​ အသံကြားရာ ဧည့်​ခန်းဘက်​ကို သွားကြည့်​မိ​တော့...

သားသားနဲ့ Taeminဆိုတဲ့ ​ကောင်​​လေးတို့ ဂိမ်းကို အလုအယှက်​ အပြိုင်​အဆိုင်​ ​ဆော့​နေကြတာ....

ထိုမြင်​ကွင်းကို ကြည့်​ရင်း TaeTae အိမ်​​ကို စ​ရောက်​လာပုံကို ပြန်​မြင်​​ယောင်​သွားမိသည်​...

TaeTaeတုန်းကလည်း သားသားပဲ ​ခေါ်လာခဲ့တာ​လေ....

ဂိမ်းကို သဲကြီးမဲကြီး​ဆော့​နေ​သော သားသားတို့က Minho ဝင်​လာသည်​ကို​တောင်​ မသိကြ...

"သားသား...."

Minho အသံ​ပေးလိုက်​​တော့မှ သားသား​ရော ​ကောင်​​လေးပါလှည့်​ကြည့်​လာကြသည်​....

"Appa ပြန်​လာပြီ..."

သားသားက​တော့ ဂိမ်းရီမုဒ်​ကို ချပြီး Minhoထံ​ပြေးလာသည်​....

ကောင်​​လေးက​တော့ ဂိမ်းရီမုဒ်​ကို ထိုင်​ထားလျက်​သားနဲ့ပဲ Minhoတို့ကို ကြည့်​​နေသည်​....

"Appa ဘာမုန့်​ပါလဲ...."

"ပါတာ​ပေါ့ကွာ... သားသား အကြိုက်​မုန့်​​တွေချည်းပဲ ဝယ်​လာတာ..."

အလုပ်​က အပြန်​ သားသား အတွက်​ မုန့်​ဝယ်​လာခြင်းသည်​လည်း Minho အတွက်​ အကျင့်​တခုလိုဖြစ်​​နေသည်​...

"​ရေး​ဟေး... ဦးဦးနဲ့ စားမယ်​​နော်​ appa..."

လက်​ခုပ်​လက်​ဝါးတီးကာ ​ပျော်​​နေ​သော သားသားက Minho လက်​ထဲမှ မုန့်​ထုပ်​​ကို လှမ်းယူသည်​....

"သားသား...."

Minho ဟန့်​လိုက်​​တော့ လှမ်းဆွဲ​နေတဲ့ သားသား လက်​တို့ရပ်​သွားသည်​....

Minho မသိပဲ သူစိမ်းတစ်​​ယောက်​ကို အိမ်​ကို ​ခေါ်လာတာ TaeTaeတစ်​​ယောက်​နဲ့တင်​ လုံ့​လောက်​​နေပြီ​လေ...

ဘာလို့ ​နောက်​ထပ်​​တစ်​​ယောက်​ကို ​ခေါ်လာရတာလဲ...

"Appa စားမယ်​လို့ ဦးဦးနဲ့ အတူ..."

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now