(Zawgyi)
"သားသားရေ appaပြန်ရောက်ပြီ..."
အိမ်တံခါးကို ဖွင့်ဝင်ပြီး သားသားကို အရင်ဦးစွာ အသံပေးလိုက်ကာ ဖိနပ်တို့ကို ချွတ်လိုက်စဉ် မြင်တွေ့နေကြမဟုတ်သော ဖိနပ်တစ်ရံက ဖိနပ်ချွတ်တွင်နေရာယူထားသည်ကို တွေ့လိုက်ရသည်....
"သားသား..... Yoogeum...."
သားအဖနှစ်ယောက်တည်းနေသည့် အိမ်မို့ ဘယ်သူများရောက်နေတာလဲ... အလုပ်က သူတွေကလွဲလို့ တခြားသူစိမ်း မလာတက်တာကိုတွေးမိပြန်တော့....
ဖိနပ်ကိုတောင် သေချာမချွတ်နိုင်တော့ပဲ အိမ်ထဲပြေးဝင်ကာ သားသားကို စိုးရိမ်စိတ်တို့ဖြင့် အော်ခေါ်ရင်း အိမ်ထဲတွင်လှည့်ပတ်ပြီး ရှာနေခိုက် အိပ်ခန်းရှိရာမှ ကြားလိုက်ရသော စကားသံအချို့...
"သားသား...."
ခပ်စေ့စေ့ဖြစ်နေသော အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့ ကစားစရာအရုပ်တွေကြားထိုင်နေတဲ့ သားသားနဲ့ ကောင်လေးတစ်ယောက်...
"သားသား...."
ကစားနေတဲ့ဘေးကို သွားထိုင်ပြီး စိုးရိမ်စိတ်ဖြင့် သားသားကို ဆွဲယူပွေ့ဖက်လိုက်တော့ သားသားက Minhoကို မျက်လုံးအဝိုင်းသားဖြင့်ကြည့်လာသည်.... မျက်စိအရှေ့မှာ မြင်နေရတဲ့ ကောင်လေးကလည်း Minhoကို စူးစမ်းသလိုကြည့်လာ၏...
"Appa.... ဘာဖြစ်လို့လဲဟင်...."
"Appa?..."
ထိုကောင်လေးက သူဟာသူကြားရုံလေးပြောလိုက်တာကို Minhoကြားလိုက်ရသည်.... ပြီးမှ Minhoကို ကြည့်လာပြီး....
"ဦးဦး... ဦးဦးက သူငယ်ချင်းYoogeumရဲ့ appaလား...."
ဘယ်လို.... ကောင်လေးက Minhoကို အခု ဘယ်လိုခေါ်လိုက်တယ်... 'ဦးဦး´လို့ခေါ်ရအောင်လည်း ဒီကောင်လေးနဲ့ Minhoနဲ့ အနည်းဆုံးကွာလှ သုံးလေးနှစ်လောက်ပဲကို... မဟုတ်မှလွဲရော ဒီကောင်လေးက...
Minhoမျက်စိရှေ့က ကောင်လေးကို သေချာအကဲခတ်ကြည့်မိသည်... အသိုင်းဝိုင်း ခပ်ကြီးကြီးတစ်ခုထဲက ဖြစ်မယ်လို့တော့ Minho ထင်သည်....
JE LEEST
Memory of Between Us [Zawgyi /Unicode ]
Overig#2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်..... .......................................................... #2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်.....