Ep-12

186 12 0
                                    

(Zawgyi)

"Minho မင်း မျက်​နှာလည်း မလန်းပါလားကွာ... ဘာဖြစ်​လို့လဲ..."

အဖွဲ့မှူးKeyထံသို့ စာရင်းစာရွက်​​တွေ သွားအပ်​ရင်းမှ Minho အ​မေးခံရခြင်းဖြစ်​သည်​...

"မ​နေ့က TaeTae ဖျားလို့ ငါလည်း တစ်​ညလုံး အိပ်​မရဘူး... ဘယ်​အချိန်​ အဖျား​တွေ တက်​​နေမလဲဆိုပြီး စိုးရိမ်​​နေတာနဲ့ နိုးတဝက်​ အိပ်​တဝက်​ပဲ..."

"အခု​ရော အဲ့က​လေး သက်​သာလား..."

"မနက်​က​တော့ အပူကျသွားတာပဲ... မနက်​ပိုင်း ​ဆေးတစ်​​ခေါက်​တိုက်​ခဲ့တယ်​... ပြီး​တော့ သူ့ကို ဆန်​ပြုတ်​ ပြုတ်​​ပေးခဲ့ပြီး ​ထားခဲ့တာ..."

"ဟာ မင်းကလဲ ​နေမ​ကောင်းတဲ့ က​လေးကို တစ်​​ယောက်​တည်းထားခဲ့ရလား... တစ်​ခုခု ဖြစ်​​နေရင်​ ဘယ်​လိုလုပ်​မလဲ... ပြီး​တော့ ဆန်​ပြုတ်​ ပြုတ်​​ပေးထားခဲ့တယ်​ ဟုတ်​လား... ငါတို့​တွေ​တောင်​ ​နေမ​ကောင်းရင်​ ဆန်​ပြုတ်​မ​သောက်​ချင်​တာ... သူ့လို​က​လေးမျိုးကိုဆို ​သေချာတိုက်​မှဖြစ်​မှာကို မင်းကွာ... သွားပြန်​​တော့ မင်းလည်းနား က​လေးကိုလည်း ​သေချာဂရုစိုက်​လိုက်​..."

စကား​တွေ တရစပ်​​ပြောသွားတဲ့ အဖွဲ့မှူးKeyကို ဘာပြန်​​ပြောရမလဲ မသိ​တော့...

"ဟို လုပ်​လက်​စ အလုပ်​​တွေကျန်​..."

"ရတယ်​ ကျန်​တာ​တွေ ထားလိုက်​ ငါလုပ်​လိုက်​မယ်​... ဂျာကြီးကိုလည်း ငါ​ပြောလိုက်​မယ်​ ပြန်​​တော့...."

Minho စကား​တောင်​ ဆုံး​အောင်​​ပြောခွင့်​​တောင်​မရလိုက်​ Keyက အတင်းပြန်​ခိုင်း​နေ​လေရဲ့...

"Nae ဒါဆိုလည်း ပြန်​ခွင့်​ပြုပါ အဖွဲ့မှူး..."

"အင်း... ငါလည်း ည​နေ အလုပ်​ကအပြန်​ ဝင်​ခဲ့မယ်​...."

"Nae...."

Minhoလည်း လိုအပ်​တာ​တွေ သိမ်းပြီး ပြန်​ဖို့​ပြင်​​တော့ လုပ်​​ဖော်​ကိုင်​ဖက်​​တွေက ဘာလို့ပြန်​တာလဲ ​မေးတာလို့ ပြန်​​ဖြေခဲ့ရသေးသည်​...

"TaeTae​ရေ ဦးဦး ပြန်​​လာပြီ...."

Minho အသံ​ပေးကာ အိမ်​ထဲ ဝင်​လာခဲ့​ပေမယ့်​လည်း တုန့်​ပြန်​သံမကြားရတာ​ကြောင့်​ Minho အိပ်​ခန်းထဲကိုသာ သွားကြည့်​လိုက်​​တော့ ခင်း​ပေးထားခဲ့တဲ့ အိပ်​ရာ​ပေါ်မှာ ​ခွေ​ခွေ​လေး အိပ်​​ပျော်​​နေ​လေရဲ့...

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now