Ep-15

172 16 0
                                    

(Zawgyi)

"TaeTae ​ရေ..."

Jonghyun TaeTaeကို အသံ​ပေး​လို့ သိ​နေပြီးသား အိမ်​တံခါးကို ဖွင့်​ကာ အိမ်​ထဲ ဝင်​ခဲ့လိုက်​သည်​...

"Jonghyun hyung..."

လှုပ်​တုပ်​လှုပ်​တုတ်​နဲ့ Jonghyunထံ​ပြေးလာတဲ့ TaeTaeက Jonghyunကို ​တွေ့လိုက်​လို့ ဝမ်းသာသွားပုံရသည်​....

"TaeTae ဘာလုပ်​​နေတာလဲ...."

"သားသား အရုပ်​​တွေနဲ့ ကစား​နေတာ...."

TaeTae ညွှန်​ပြရာကိုကြည့်​လိုက်​​တော့ ဧည့်​ခန်းတစ်​ဝိုက်​ပြန့်​ကျဲ​နေတဲ့ အရုပ်​​တွေကို ​တွေ့ရသည်​....

"Hyungလာ TaeTaeနဲ့ တူတူ​ဆော့မယ်​..."

အရုပ်​​တွေနဲ့ သွားပြန်​ထိုင်​​ဆော့​နေရင်း Jonghyunကို လှမ်း​ခေါ်​လေတဲ့ ​ကောင်​​လေးကို လှမ်းကြည့်​လိုက်​သည်​....

Minhoကလည်း အလုပ်​သွား သားသားကလည်း မူကြိုသွားဆို​တော့ တစ်​အိမ်​လုံးမှာ ဒီက​လေးတစ်​​ယောက်​ပဲကျန်​တယ်​...  တခြားအရာ​တွေလည်း မလုပ်​ရဆို​တော့ ရှိတဲ့ သားသား အရုပ်​​လေး​တွေနဲ့ပဲ ထိုင်​ကစား​နေတာကို မြင်​ရ​တော့လည်း Jonghyun သနားမိပြန်​သည်​....

Jinki​ပြောသလိုပါပဲ... သူစိမ်းတစ်​​ယောက်​က ​သွေးသားမ​တော်​စပ်​တဲ့ အခြားသူစိမ်းတစ်​​ယောက်​ကို ​ရေရှည်​ဘယ်​လိုလုပ်​ ​စောင့်​​ရှောက်​​ပေး​နိုင်​မှာလဲ...

Jinkiလက်​ထဲကိုပဲ အမြန်​ဆုံးထည့်​​ပေးလိုက်​တာ​ကောင်းပါတယ်​....

အရုပ်​​တွေနဲ့ ထိုင်​​ဆော့​နေတဲ့ TaeTaeအနား Jonghyun သွားထိုင်​ချလိုက်​ပြီး...

"TaeTae hyungနဲ့ အပြင်​လိုက်​မလား... TaeTaeစားချင်​တာ​တွေ hyungက ဝယ်​​ကျွေးမယ်​... အရုပ်​​တွေလည်း လိုချင်​တာ အကုန်​ဝယ်​​ပေးမယ်​​လေ...."

"တကယ်​လား...."

Jonghyun​ ​ပြောလိုက်​​တော့ ​ပျော်​သွားသည်​မှာ မျက်​ဝန်း​လေး​တွေက တလက်​လက်​နဲ့...

ဒါ​ပေမယ့်​ ခဏပါပဲ ချက်​ချင်းကို ပြန်​ညှိုးကျသွားပြန်​သည်​....

"ဘာဖြစ်​လို့လည်း hyungနဲ့ မလိုက်​ချင်​လို့လား..."

"ဟုတ်​ဖူး... ဦးဦး ဆူမှာ​ကြောက်​လို့... ဦးဦးက​​ပြောတယ်​ ဦးဦး ပြန်​လာတဲ့ထိ TaeTaeကို အိမ်​ထဲမှာပဲ​နေ​ရမှာတဲ့..."

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now