Ep-40

166 14 2
                                    

Zawgyi

*Ting Tong* *Ting Tong*

တတောင်နဲ့ မြည်နေတဲ့ လူခေါ်ဘဲလ်အသံကြောင့် Minho မထချင်ထချင်နဲ့ ထလာခဲ့ရသည်...

ကလေးငယ်ကတော့ နှစ်ခြိုက်စွာအိပ်ပျော်နေသည်... သားသားတို့ အိပ်ခန်းကနေပြန်လာပြီး အချစ်ကမ္ဘာထဲနှစ်ဦးသား အချိန်အတော်ကြာအောင် စီးမျောကြပြီးမှ အိပ်ပျော်သွားတာ မကြာ​သေးတဲ့ ကလေးငယ်ကို စောင်သေချာခြုံပေးပြီးတော့ အိပ်ခန်းအပြင်သို့ ထွက်လာခဲ့လိုက်သည်...

*Ting Tong*

အဆက်မပျက်တဲ့ ဘဲလ်သံကြောင့် Minho အသံပြန်ပေးရင်း တံခါးရှိရာသို့ အမြန်သွားလိုက်သည်....

"လာပြီ လာပြီ....''

"ဘာလို့ ဘဲလ်ကို အဲ့လောက် ဇွတ်တီးနေတာလဲ...''

Minho စိတ်တိုစွာ အော်ဟစ်ရင်း တံခါးဖွင့်လိုက်တော့...

"Key?... Jonghyun hyung?...''

"ငါတို့ လာတယ်... chingu....''

ယူလာတဲ့ အထုပ်တွေကိုဆွဲကာ Minhoကို ကျော်လို့ အိမ်ထဲဝင်သွားတဲ့ နှစ်ယောက်ကို ကြောင်ကာ ကြည့်နေပြီးမှ အသိဝင်ကာ တံခါးပိတ်လို့ သူတို့နှစ်ယောက် အနောက်ကို လိုက်ခဲ့လိုက်သည်....

"ဟူး ပင်ပန်းလိုက်တာကွာ....''

ဆိုဖာခုံပေါ် ခြေပစ်လက်ပစ် ထိုင်နေတဲ့ Keyက ငြီးငြူရင်း သူ့ဘေးနားထိုင်နေသော Jonghyun hyungကိုလည်း မှီထားသေးသည်....

"Minho ငါတို့တစ်ညလုံး ကားမောင်းလာတာ နားချင်လို့ အခန်းလေး....''

ဘာလို့ရောက်လာလဲ ဘာလဲတောင် မမေးရသေးဘူး ပင်ပန်းလို့ နားချင်တယ်ဆိုလာတော့လည်း...

"အခန်းတွေ အများကြီးရှိတယ် ကြိုက်တဲ့ အခန်း ဝင်နေလိုက်...''

"Ok... လာ hyung သွားရအောင်....''

Jonghyun hyungကို ခေါ်လို့ ထသွားတဲ့ Key နောက်ကနေ Jonghyun hyungကတော့ အထုပ်တွေကို ဆွဲလို့ လိုက်သွားတော့သည်....

ယောက်ျားကို အနိုင်ကျင့်နေတာ Keyကလေ...

Keyတို့လည်း ရောက်နေတာဆိုတော့ စားသောက်ဖို့ ပြင်ဆင်ဖို့ရာ နာရီကို လှမ်းကြည့်တော့ မနက်ဆယ်နာရီတောင် ကျော်နေပြီ...

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now