(Zawgyi)
"ဦးဦး...."
"ပြောလေ TaeTae.... ဘာလိုချင်လို့လဲ...."
ညနေစာ ချက်နေသော Minhoဘေးနားရောက်လာပြီး အင်္ကျီစကိုလာဆွဲနေတဲ့ ကောင်လေးကို ငဲ့ကြည့်လိုက်သည်...
"ဟီးး ဘာမှဟုတ်ဘူး...."
ရယ်ပြနေပုံထောက်ရင်တော့ တစ်ခုခုလိုချင်လို့နေမှာပဲ....
"ဗိုက်ဆာ နေလို့လား TaeTae... ခဏလေးစောင့် ရတော့မှာပါ...."
"ဦးဦး အလုပ်ရှုပ်နေတာမလား... TaeTae သားသားနဲ့ သွားဆော့တော့မယ်နော်...."
သြော် ဒီကလေးနှယ် ဘာမှ မဟုတ်ပဲ Minhoအနားရောက်လာပြီး... အခုလည်း သားသားနဲ့ ဆော့မယ်ဆိုပြီး ပြေးထွက်သွားပြန်တယ်....
Minho မမြင်လိုက်တာက ငါလုပ်ချင်တာ လုပ်လို့ရပြီဆိုပြီး ထိုကောင်လေး ပြုံးသွားတဲ့ အပြုံးတွေ...
"သားသား ဦးဦးက ဟင်းချက်လို့ ပြီးသေးဘူး... ငါတို့ ဆော့လို့ရပြီ... လာသွားရအောင်...."
TaeTaeနဲ့ Yoogeunလေး တစ်ယောက်လက်ကို တစ်ယောက်ဆွဲလို့ ရေချိုးခန်းထဲ ဝင်သွားကြသည်....
ရေချိုးခန်းက မီးဖိုချောင်နဲ့ တစ်ဆက်တည်း တွဲလျက်ပါရှိပေမယ့်လည်း ထမင်း ဟင်းတွေ အမြန်ကျက်ဖို့သာ အာရုံရောက်နေသော Minhoတစ်ယောက် ထိုကလေးနှစ်ယောက် ရေချိုးခန်းထဲသို့ ဝင်သွားသည်ကို သတိမထားမိလိုက်ပေ...
"သားသားရေ TaeTaeရေ ထမင်းစားလို့ရပြီ..."
အားလုံးချက်ပြီးတော့ ထုံးစံအတိုင်း ထမင်း ဟင်းတို့ ပုံထည့်ထားတဲ့ ပန်းကန်ကို ကိုင်လို့ Minho အရှေ့ထွက်ခဲ့လိုက်သည်...
ဧည့်ခန်းထဲရောက်တော့ သားသားရော TaeTaeကိုပါ မတွေ့ရပဲ အရုပ်တွေသာ ကြမ်းပြင်မှာ ပွကျဲနေသည်ကို တွေ့ရသည်...
*ဒီကလေးနှစ်ယောက် အိပ်ခန်းထဲရောက်နေပြန်ပြီထင်တယ်....*
DU LIEST GERADE
Memory of Between Us [Zawgyi /Unicode ]
Sonstiges#2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်..... .......................................................... #2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်.....