Ep-9

164 13 0
                                    

(Zawgyi)

Jonghyunတစ်​​ယောက်​ ဆိုးလ်​မြို့ထဲတွင်​ပဲရှိ​သော.... ရပ်​ကွက်​တစ်​ခု ​ပြောရမယ်​ဆို သာမာန်​လူတန်းစား​တွေ​နေထိုင်​​သော ရပ်​ကွက်​ငယ်​တစ်​ခု၏ လမ်းထိပ်​တွင်​ ကားကိုရပ်​လိုက်​သည်​....

မရပ်​၍လည်းမရ Jonghyunသွားရမယ့် ဦးတည်ရာ​​သည်​ ကား​တောင်​ ​​ကောင်း​ကောင်းဝင်လို့မရသည့်​​နေရာ.....

ကားတံခါးကို ​သေချာ​အောင်​ပိတ်​ပြီး​တော့မှ.... ချိန်းဆိုထား​သော ​နေရာသို့ လမ်း​လျှောက်​သွားခဲ့လိုက်​သည်​....

အတန်​ငယ်​​လျှောက်​လာခဲ့ပြီးသည့်​​နောက်​မှာ​တော့ ချိန်းဆိုထား​သောဆိုင်​ကို​တွေ့ရ​လေသည်​....

ထိုဆိုင်​သည်​ ရပ်​ကွက်​အတွင်းဖွင့်​ထား​သော ရပ်​ကွက်​စား​သောက်​ဆိုင်​​လေးသာဖြစ်​သည်​....

ဆိုင်​အတွင်းဝင်​ဝင်​ချင်း ခရီးဦးကြိုပြု​သော ဆိုင်​ရှင်​ကို ပြုံးပြရင်း ဆိုင်​ထဲကို မျက်​စိကစားလိုက်​သည်​....

တွေ့ပါပြီ Jonghyun​တွေ့ရမယ်​သူကို... စားပွဲခုံ ​လေးငါးလုံးခန့်​ ခင်းကျင်းထား​သော ဆိုင်​ရဲ့ ​ထောင့်​ကျကျ​နေရာမှာ ထိုင်​​နေတဲ့ သူ...

Jonghyunလည်း တုန့်ဆိုင်းမ​နေပဲ ထိုသူ​ရှေ့တွင်​ဝင်​ထိုင်​လိုက်​သည်​....

"ကဲ ​ပြော လူကို အသည်းအသန်​ချိန်းရတဲ့ကိစ္စ.... ငါ့ မှာ ချစ်​သူ​လေးနဲ့ dateလုပ်​ဖို့ကို​တောင်​ ဖျက်​ပြီး လာရတာ​နော်​...."

Jonghyun​ပြော​တော့ ထိုသူက သ​ဘောကျစွာရယ်​လျက်​....

"အ​ဝေးက​နေလာတဲ့ သူကို ကြိုဆိုပုံကလည်း မမိုက်​လိုက်​တာ Kim Jonghyunရာ..."

"လူ​လေးတို့ အရင်​အတိုင်းပဲ စားကြမှာမလား...."

"Nae... arjumaက ကျွန်​​တော်​တို့ကို မှတ်​မိ​သေးတယ်​နော်​...."

Jonghyun​ရှေ့မှာ ထိုင်​​နေတဲ့သူကပဲ ဆိုင်ရှင်​အ​ဒေါ်ကြီးကို ​မေးလိုက်​သည်​....

ဒီဆိုင်​သည်​ သူတို့ ငယ်​စဉ်​​အလယ်​တန်း​ကျောင်းသားဘဝတုန်းက မကြာခဏလာစားဖြစ်​ခဲ့တဲ့ဆိုင်​​လေးဖြစ်​ပြီး....

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now