Ep-33

199 14 0
                                    

Zawgyi

Minho ဆိုင်တံခါးကို တွန်းဖွင့်ပြီး ဝင်,ဝင်ချင်းမှာပဲ ကောင်တာမှာ ထိုင်နေရာကနေ လှစ်ခနဲ ထွက်ပြေးသွားတဲ့ အရိပ်လေးကြောင့် Minho ပြုံးလိုက်မိသည်....

"သားသား... ဟိုဘက်မှာ သားသား ကြိုက်တဲ့ စာအုပ်တွေ ယူပြီး သွားဖတ်နော်... ပြီးမှ appaလာခဲ့မယ်...''

"Nae appa...''

ဆိုင်မှာတင် ယူပြီးဖတ်လို့ရတဲ့ စာအုပ်တန်းတွေဘက်ကို ညွှန်ပြကာ သားသား ဆံပင်တို့ကို တစ်ချက်ဖွပြီး ပြောလိုက်တော့ Minhoကို ခေါင်းငြိမ့်ပြကာ ပြေးသွား၏....

သားသား သွားပြီးတော့မှ... Minhoလည်း အရိပ်လေး ထွက်ပြေးသွားရာ အရောင်းစာအုပ်တန်းတွေဘက်ကို ထွက်လာခဲ့သည်...

တစ်လိုင်းခြင်းစီ လိုက်ရှာကြည့်မိရင်း... နောက်ဆုံးချောင်ကျကျ လိုင်းရောက်တော့ စာအုပ်စင်ကို မှီလို့ ပုန်းနေပုံရသည့် ကောင်လေးအနားသို့ Minho တဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်သည်....

"ဟိတ်....''

"Omma!....''

ရင်ဘတ်ပေါ်လက်လေးနှစ်ဖက်တင်လို့ မျက်လုံးမှိတ်ထားသော ကောင်လေး၏ အရှေ့တည့်တည့်တွင် သွားရပ်လိုက်သည်ထိ ကိုယ်ရောက်နေတာ သူ သတိပြုမိပုံမရ...

အဟက်... ကိုယ်က သူ့ဆိုင်ရောက်လာတာတောင် သူက ရှောင်ပြေးပုန်းပေးရတယ်လို့ ကောင်လေးရာ...

ကောင်လေးကို ခဏမျှကြည့်နေလိုက်ပြီးမှ ခေါ်လိုက်တော့ ကောင်လေးက လန့်သွားသည်ထင်သည်... Minhoကို လှမ်းဖက်လေတာကြောင့် စမည်ဟု စိတ်ကူးထားသည့် Minhoတောင် ကြောင်အသွားတော့သည်....

ကောင်လေး မျက်လုံးတို့ကတော့ မှိတ်ထားဆဲ...

"ဒီမှာ ဘာရပ်လုပ်နေတာလဲ... ကောင်တာမှာ မထိုင်ပဲနဲ့....''

"ဟိုလေ အဲ့ဒါက... ဟို....''

သူ Minhoကို ဖက်ထားတာကိုလည်း သတိထားမိပုံမရ... Minhoကို ဖက်ထားသည့်အတိုင်းလေးပဲ မော့ကြည့်ကာ ဘယ်လိုဖြေရမလဲမသိဖြစ်နေပုံရသည်...

Minhoသိပါတယ်... ဒီကောင်လေး Minhoစကားကို နားထောင်ပြီး Minhoကို ရှောင်နေတယ်ဆိုတာ...

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now