Ep-30

187 17 2
                                    

(Zawgyi)

Minhoတွေးထားတာက အခုလိုမျိုး  Taeminနဲ့ စကားမပြောပဲနေဖို့မဟုတ်... မဖြစ်သင့်တာတွေဖြစ်မလာအောင်သာနေဖို့ တွေးထားခြင်းဖြစ်သည်....

အခုတော့ Taemin သူ့ကို ရှောင်နေသည်မှာ သိသာလှသည်....

ညနေ Minho အလုပ်က ပြန်ရောက်တာနဲ့ သားသားကို ထားပြီးပြန်ထွက်သွားသည်မှာ ညဥ့်နက်မှ ပြန်လာပြီး... တစ်ခါတစ်လေဆို ပြန်တောင် မအိပ်တော့သည်အထိပဲ....

sundayပိတ်ရက်ကိုလည်း အရင်လို Minhoတို့ သားအဖနဲ့အတူ မနေတော့ပဲ ဆိုင်ကိုပဲ သွားနေတော့သည်...

ဒီနေ့တော့ သားသားကတော့ လိုက်မယ်ဟု ဂျီကျကာ ရအောင်လိုက်သွားသည်လေ...

Minhoတစ်ယောက် တစ်မနက်ခင်းလုံး အိမ်သန့်ရှင်းရေးတွေလုပ် တစ်ပါတ်စာ အဝတ်တွေ​​လျှော် လုပ်စရာရှိတာတွေ လုပ်ပြီးတာနဲ့ သားသားနဲ့ Taeminအတွက် နေ့လည်စာ ထမင်းဘူးထည့်ပြီး ဆိုင်ကို လိုက်သွားဖို့ပြင်လိုက်သည်.... Taeminနဲ့လည်း အရင်လိုပြန်ဖြစ်အောင် စကားတွေပြောမည်ဟူသော အတွေးတို့ဖြင့်ပေါ့...

"သားသား....''

Minhoဆိုင်ထဲရောက်တော့ သားသား တစ်ယောက်တည်း စာထိုင်ဖတ်နေတာကိုသာ တွေ့ရသည်...

Minhoလည်း ယူလာတဲ့ ထမင်းဘူးကို စားပွဲပေါ်တင်ကာ သားသားဘေးတွင် ဝင်ထိုင်လိုက်သည်...

"သားသား ဦးဦးရော...''

"ဟိုးမှာ...''

သားသား ညွှန်ပြရာကို ကြည့်လိုက်တော့ အမျိုးသမီးတစ်ဦးနဲ့ စကားပြောနေသည်ကို တွေ့ရသည်...

Minhoထိုင်နေရာကကြည့်ရင် နှစ်ယောက်လုံးကို ဘေးတစောင်း အနေအထားဖြင့်မြင်နေရသည်....

ရယ်မောကာ ပြောနေကြသည်မို့ နှစ်ယောက်သား အတော်လေး ရင်းနှီးမယ့်ပုံပင်....

Taemin၏ အမများလား... မဖြစ်နိုင်လောက်ပါဘူး... Taeminက အကိုပဲရှိတယ်လို့ပြောထားတာဆိုတော့ ထိုအမျိုးသမီးသည် ဘယ်သူများလဲ...

ဘာလို့အဲ့လောက်တောင် ရယ်မောပြီး စကားပြောနေကြတာလဲ...

"Appa... သားသား ဗိုက်ဆာတယ်...''

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now