Ep-14

148 12 0
                                    

(Zawgyi)

Jonghyun Jinkiနဲ့​တွေ့ဖို့ ချိန်းထားတဲ့ ​နေရာမ​ရောက်​ခင် ​ဖုန်းတစ်ခု​ဝင်​လာသည်​မို့ ကိုင်​လိုက်​သည်​....

"​ပြောပါ ဦး​လေးJun...."

"သခင်​​လေး ရှာခိုင်းတဲ့ သူကို ကျွန်​​တော်​တို့ရှာ​တွေပါပြီ..."

Jonghyun သိပြီးသားပါ... သူတို့​တွေ Jonghyun သတ်​မှတ်​​ပေးထားတဲ့ ရက်​မတိုင်​ခင်​ အမြန်​ဆုံးရှာ​တွေ့လိမ့်​မယ်​ဆိုတာ...

"ကျွန်​​တော်​လည်း ရှာ​တွေ့ထားတာမို့ ရပါပြီ... အကူအညီ အတွက်​လည်း ​ကျေးဇူးတင်​ပါတယ်​... ကျန်​တာကို ကျွန်​​တော်​ပဲ ဆက်​လုပ်​လိုက်​ပါ့မယ်​..."

"ဟုတ်​ကဲ့ပါ သခင်​​လေး..."

"အဲ့ဒါဆို ဒါပဲ​နော်​... ​သြော်​ ဦး​လေးJun သူ့ကိုလည်း ကူညီ​ပေးလို့ ​ကျေးဇူးတင်​တယ်​လို့​ပြော​ပေးပါ..."

"ကျွန်​​တော်​ ​ပြောလိုက်​ပါ့မယ်​ သခင်​​လေး..."

တစ်​ဖက်​က စကားဆုံးသည်​နှင့်​ Jonghyun ဖုန်းချလိုက်​ပြီးသည့်​နောက်​ Jinkiနဲ့ ချိန်းထား​သော ဆိုင်​​လေးဆီသို့ ဦးတည်​လိုက်​သည်​....

"သူငယ်​ချင်းကြီး ​ရောက်​​နေတာ ကြာပြီလား...."

ထုံးစံအတိုင်း ​ထောင့်​ကျကျ​နေမှာ ထိုင်​​နေ​သော Jinkiကို လက်​တစ်​ဖက်​ ​မြှောက်​ကာ နှုတ်​ဆက်​လို့ ထိုင်​ခုံတွင်​ Jonghyun ​အေး​ဆေးစွာ ဝင်​ထိုင်​လိုက်​​ပေမယ့်​... မ,​အေး​ဆေးသည်​မှာ Jinkiဖြစ်​သည်​...

"Jonghyun ညီညီ အ​ကြောင်း​ပြောပါဦး... ညီညီ အဆင်​​ရော​ပြေရဲ့လား... ​နေ​ရော​ကောင်းရဲ့လား..."

မေးခွန်း​တွေ ဆက်​တိုက်​​မေး​နေ​သော Jinkiကို တစ်​ချက်​ကြည့်​လိုက်​ပြီးမှ...

"ဖြည်းဖြည်း​ပေါ့ Jinkiရာ... မင်း ညီ​လေးက အဆင်​​ပြေပါတယ်​... သူ့ကို ငါ့လက်​​အောက်​က ဝန်​ထမ်းတစ်​​ယောက်​က ​စောင့်​​ရှောက်​ထားတာ... ငါလည်း ဒီ​နေ့ သူ့အိမ်​သွားလည်​​ရင်းမှ ​တွေ့လိုက်​ရလို့ မင်း ဆီမှာ အတည်​ပြုကြည့်​တာ..."

"....."

"ဒါနဲ့ မင်း ညီက ပုံမှန်စိတ်​​တော့ မဟုတ်​ဘူး​နော်​... မင်း တစ်​ခုခုကို လျို့ ဝှက်​ထား​သေးလား..."

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now