Ep-5

192 17 2
                                    

(Zawgyi)

"ဦးဦး...."

"အင်း ​ဘာလဲ TaeTae​လေးရဲ့..."

က​လေးနှစ်​​ယောက်​က Minho​ပေါင်​​ပေါ် တစ်​ဖက်​စီ လှဲအိပ်​ကာ Minhoလည်း က​လေး​တွေနဲ့အတူ Zootopia ကိုထိုင်​ကြည့်​​နေရင်းမှ TaeTae ​ခေါ်သံ​ကြောင့်​ ငုံ့ကြည့်​လိုက်​သည်​...

"TaeTaeလည်း သားသားလို ​ကျောင်းတက်​လို့ ရဘူးလားဟင်​ ဦးဦး..."

"ဟင်​...."

Minhoကို ​မော့ကြည့်​ကာ ​မေး​နေ​သော TaeTae​မေးခွန်း​​ကြောင့်​ Minho ဘာ​ပြောရမလဲ မသိ​အောင်​ဖြစ်​သွားရသည်​.... က​လေးစိတ်​နဲ့ဆို​တော့လည်း သူလည်း သားသားလို လုပ်​ချင်​ရှာမှာ​ပေါ့....

"TaeTaeလည်း သားသားလို ​ကျောင်းတက်​မယ်​​လေ ​နော်​ ဦးဦး... ​ကျောင်းမှာ သူငယ်​ချင်း​တွေ အများကြီးနဲ့ ကစားလို့လည်းရတယ်​လို့ သားသားက​ပြောတယ်​ ဟုတ်​လားဟင်​ ဦးဦး..."

လှဲ​နေရမှ ထထိုင်​ပြီး Minhoကို ​မျှော်​လင့်​တကြီး မျက်​ဝန်း​တွေနဲ့ ​မေး​နေတဲ့ ​ဒီက​လေးကို Minho ဘယ်​လိုရှင်းပြရမလဲ....

"​အင်း ဟုတ်​တယ်​ TaeTae​လေးရဲ့... ဒါ​ပေမယ့်​ TaeTae ​ကျောင်းသွားတက်​မယ်​ဆိုရင်​ TaeTae အိမ်​က​တွေ့ပြီး ပြန်​​ခေါ်သွားရင်​ လိုက်​သွားရမှာ​နော်​...."

"TaeTaeကို ​အိမ်ကလာ​ခေါ်မယ့်​သူ ရှိဘူး ဦးဦးရဲ့... ဘယ်​သူမှလည်း TaeTaeကို ပြန်​ရှာမှာ ဟုတ်​ဘူးတဲ့..."

ဘယ်​လို ဒီ​ကောင်​​လေးကို အိမ်​က ရှာမယ့်​သူမရှိဘူးတဲ့လား... ဘယ်​လို အဓိပ္ပါယ်​မျိုးပါလိမ့်​....

"TaeTae Appaနဲ့ Ommaက​ရော..."

"Ommaက ဟိုး​ကောင်းကင်​​ပေါ်မှာ.... appaက​တော့ ဘယ်​သွားလဲ TaeTae သိဘူး... ဟိုမိန်းမကြီး​ပြောတာ​တော့ အ​ဝေးကြီးကို သွားတယ်​တဲ့ TaeTaeကိုလည်း အချစ်​​တော့လို့ ထားသွားတာတဲ့... appaက TaeTaeကို သိပ်​ချစ်​တာကို ဟင့်​...."

မျက်​ရည်​​လေး ဝဲတဲဝဲတဲနဲ့ ​ပြောပြ​နေသည်​မှာ အ​ဖေဖြစ်​သူကို သတိရမိသွားတာလား​တော့ Minho မ​ပြောတက်​....

"ပြီး​တော့ အဲ့မိန်းမကြီးက ​ပြော​သေးသည်​... နင်​ ဒီမှာပဲ​နေခဲ့ အိမ်​ပြန်​မလာနဲ့... ဘယ်​သူ​မေး​မေး အိမ်​ကို မသိဘူးလို့​ပြော... နင်​ အိမ်​ပြန်​လာရင်​ နင့်​ကို သတ်​ပစ်​မှာလို့ ​ပြောပြီး TaeTaeကို ပန်းခြံထဲမှာ ထားခဲ့တာ... TaeTae အရမ်း​ကြောက်​တာပဲ..."

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now