Chapter - 33 အဓိကအချိန်ကာလ (အဓိကအခ်ိန္ကာလ)

15.8K 2.5K 39
                                    

Unicode version

သူမနေ့ကပဲ စိုက်ပျိုးခဲ့သည့် ဆေးပင်တွေက အံ့သြစရာကောင်းစွာ အကုန်ပေါက်နေကြသည်.. အဆင့်တစ်ဆေးပင်တွေက အဆင့်နှစ် နှင့် အဆင့်သုံးဆေးပင်တွေထက် ကြီးထွားနှုန်းပိုမြန်သည်.. အစိမ်းရောင်လွင်ပြင်ကြီးတစ်ခုလုံး အရောင်စုံတောက်ပနေသည်.. အချို့တွေက အသီးတောင် သီးနေကြပြီ.. ဥပမာ မွှေးရနံ့ကြိုင်သီးအပင်ဖြစ်သည်.. တချို့တွေက မရင့်မှည့်သေးသော်လည်း ရင့်မှည့်ဖို့ မကြာတော့ပေ..

အဆင့်နှစ်အပင်တွေက အစေ့ပေါက်နေသည့်အဆင့်သို့ ရောက်နေကြပြီး အဆင့်သုံးဆေးပင်တွေကတော့ အနည်းငယ်နှေးကာ အညှောင့်စပေါက်နေကြပြီ ဖြစ်သည်.. ယူရှောင်မို အံ့သြပြီး ကြောင်အမ်းအမ်းတောင်ဖြစ်သွားသည်.. သူ ဘယ်တုန်းကမှ အပင်မစိုက်ဖူးသော်လည်း အပင်တွေ ဒီလောက်မြန်မြန်မကြီးထွားတာတော့ သိသည်.. တစ်ရက်တည်းနဲ့ အပင်ပေါက်လာသည်ဆိုတာ မယုံနိုင်ဖွယ်ရာပင်..

အောက်ပြုတ်ကျနေသည့်ပုလင်းတောင်မကောက်နိုင်ပဲ ယူရှောင်မို ပြေးသွားမိသည်.. အားလုံးအပင်ပေါက်နေလိမ့်မည်ဟု သူမထင်ထားသောကြောင့် ဖြစ်သည်.. သို့ပေမယ့် အပင်တွေက အရွယ်မရောက်သေးသောကြောင့် အဆင့်မြင့်အပင် ဟုတ် မဟုတ် မပြောနိုင်..

ယူရှောင်မို မနေ့က သူစိုက်ပျိုးခဲ့သည့်ဖြစ်စဉ်တစ်ခုလုံးကို ပြန်လေ့လာကြည့်မိသည်.. အစေ့ကျဲပက်တာအပြင် ကန်ရေနှင့် ရေလောင်းခဲ့သည်.. ကန်ရေ၏အကျိုးရလာဒ်တွေကို တွေးမိတော့ သေချာပေါက် ကန်ရေကြောင့်ဆိုတာ သိလိုက်သည်.. ကန်ရေက သူ့ဝိညာဉ်စွမ်းအားကိုတောင် ပြန်ဖြည့်နိုင်မှတော့ ဒီလိုအပင်ပေါက်လာဖို့ဆိုတာ အသေးအဖွဲပင်.. ဒါတွေကို စဥ်းစားမိတော့ ယူရှောင်မို စိတ်လှုပ်ရှားလာသည်.. ကန်ရေက ဆေးပင်ကြီးထွားနှုန်းကို မြန်စေမှတော့ အပြင်မှာစိုက်ပျိုးသောဆေးပင်များထက် သူ့ဆေးပင်များမှာ ပိုပြီးကြီးထွားမှာသေချာသည်..
ဘယ်အဆင့်ဆေးပင်ပဲဖြစ်ဖြစ် သူစိတ်မပူတော့ပေ.. သူ့မှာလုံလောက်သည့်ဆေးပင်တွေ ရှိနေပြီလေ..

ယူရှောင်မိုမျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်.. အရှိန်ပြန်သတ်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လုပ်ရသည်.. ပုလင်းငါးလုံးကို ပြန်ကောက်ပြီး ရေအပြည့်ဖြည့်လိုက်သည်.. အရမ်းမများသော်ငြား ပုံမှန်ဆို သူတစ်ငုံပဲ လိုအပ်တာဖြစ်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now