Chapter - 54 နေရာပေးခံရခြင်း (ေနရာေပးခံရျခင္း)

14.8K 2.4K 22
                                    

Unicode Version

"မင်း ဒီလမှာ ဆေးအများကြီးမဖော်ဘူးလို့ ဦးလေးကျောက်ဆီက ကြားထားတယ်။ တခုခုဖြစ်လို့လား?"

ခုန်းဝမ်က အေးဆေးတည်ငြိမ်စွာဖြင့် သူ့ညာခြေကိုကြည့်ရင်း ပြောလိုက်သည်။ သူလမ်းလျှောက်တာအဆင်ပြေနေတာတွေ့တော့ ဒဏ်ရာအကြောင်းမမေးတော့ပဲ ဆေးဖော်ခြင်းကိစ္စကိုသာ မေးလာသည်။ သူက ဆရာဖြစ်သောကြောင့် အခုလိုမေးမြန်းခြင်းက ကျိုးကြောင်းဆီလျော်သည်။

ဒီမေးခွန်းအတွက် ယူရှောင်မိုအစောကြီးကတည်းက ပြင်ဆင်ထားပြီးသားဖြစ်သည်။ ပြီးခဲ့သည့်လနှင့်ယှဉ်လျှင် ဒီလမှာ သိသိသာသာဆေးဖော်နှုန်းကျသွားသည်လေ။ ပြောရလျှင် တဝက်တောင်မရှိတော့။ ဦးလေးကျောက်ကို ထည့်မတွက်လျှင်တောင် ဆရာဖြစ်သည့်ခုန်းဝမ်ကတော့ သေချာပေါက် သံသယဖြစ်မှာပင်။ သူကိုတပည့်အဖြစ် လက်ခံခဲ့သည်မှာ ထိုအကြောင်းအရာကြောင့်ပင် မဟုတ်ပါလော။

ယူရှောင်မိုမှာ အစတည်းက စဉ်းစားထားပြီးသည်မို့ ရိုရိုသေသေပြန်ဖြေလိုက်သည်။

"ဆရာ, အရင်က တပည့် ဆေးအလွန်အကျွံဖော်ခဲ့မိပါတယ်။ ရလဒ်ကတော့ ဆေးဖော်ချင်စိတ် ပြင်းပြနေပေမယ့် အင်အားမကျန်တော့ပဲ ဖြစ်နေတယ်။ ခန္ဓာကိုယ်က မလိုက်နိုင်မှာ စိုးရိမ်လို့ ဆေးဖော်နှုန်း နည်းနည်းလျော့ချလိုက်တာပါ"

တစ်ရက်ကို ဆေးလုံးတစ်ရာကျော်ဖော်နိုင်ဖို့ဆိုတာ သမာရိုးကျကိစ္စတော့ မဟုတ်။ အခုဆေးဖော်နှုန်းလျော့ချလိုက်သည်ဆိုသည်က အဆင်ပြေသည့်ဆင်ခြင်တခု ဖြစ်သည်။

ခုန်းဝမ်မှာ သံသယမဝင်ပဲ ခေါင်းညိမ့်ရင်းသာ ပြောလိုက်သည်။
"ဆေးဖော်တိုင်း မှတ်ထားရမှာက ဖြည်းဖြည်းနဲ့ မှန်မှန်သွားဖို့ပဲ။ အခုကစပြီး မှတ်ထားတော့နော်"

"တပည့် ဆရာ့ရဲ့ညွှန်ကြားချက်ကို သေချာမှတ်သားလိုက်နာပါ့မယ်"

ယူရှောင်မို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

ခုန်းဝမ်စိတ်ကျေနပ်စွာနှင့် ခေါင်းညိမ့်ပြလိုက်ပြီး သူ့ကိုနောက်ဆုံးနေရာမှာ ထိုင်ခိုင်းလိုက်သည်။ နေရာထိုင်ခင်းကို စီနီယာအလိုက် စီစဉ်ထားခြင်း ဖြစ်သည်။ ယူရှောင်မိုမှာ အငယ်ဆုံးနှင့် နောက်ဆုံးတပည့်ဖြစ်သောကြောင့် သူ့ရှေ့မှာ စီနီယာအကိုအမတွေ ထိုင်ကြသည်။ သူ့နေရာကတော့ နောက်ဆုံးမှာဖြစ်သည်။

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now