Chapter - 25 ဆိုးဝါးလိုက်တဲ့ ကံကြမ္မာရယ် (ဆိုးဝါးလိုက္တဲ့ ကံၾကမၼာရယ္)

17.4K 2.6K 88
                                    

Unicode version

တောင်ပိုင်းလမ်းမှာ မြောက်ပိုင်းလမ်းတဖက်ခြမ်းမှာရှိပြီး ဆေးပင်နှင့်ပတ်သက်၍ ကျော်ကြားသည်.. မြောက်ပိုင်းလမ်းလိုပင် စည်ကားပြီး ခြားနားချက်မှာ တောင်ပိုင်းလမ်းတွင် မှော်ဆေးပင်များကိုသာ အထူးရောင်းချသည်.. ဆေးပင်မျိုးစုံရှိပြီး အဆင့်ခြောက်နှင့် အောက် အပင်များကိုရောင်းချသည်.. ထို့အပြင် မှော်ဆေးမျိုးစေ့များကိုလဲ တောင်ပိုင်းလမ်းတွင် ရောင်းချသေးသည်.. မှော်ဆေးပင်လိုပဲ အဆင့်ခြောက်နှင့်အောက် မှော်ဆေးမျိုးစေ့များ ရနိုင်သည်.. အဆင့်မြင့်ဆေးမျိုးစေ့များမှာ ဆေးပင်များထက် ရောင်းချမှုပိုရှားပါးသည်..အဆင့်မြင့်လေ မျိုးစေ့စိုက်ပျိုးရန်ခက်လေ ဖြစ်သောကြောင့်ဖြစ်သည်.. ရင့်မှည့်ဖို့လဲ အချိန်များစွာလိုအပ်သည်.. ထို့ကြောင့် မှော်ဆရာအနည်းငယ်သာ ဆေးမျိုးစေ့များကို ဝယ်စိုက်ကြသည်.. အများစုမှာလဲ အဆင့်သုံးနှင့်အောက်မျိုးစေ့များကိုသာ ဝယ်စိုက်ကြသည်.. မည်သို့ပင်ဖြစ်စေ မျိုးစေ့ဝယ်ယူစိုက်ပျိုးသူမှာ ရှားပါးလွန်းသည်..

ယူရှောင်မိုမှာ ဆေးမျိုးစေ့များများဝယ်ချင်သည်..
အကြီးဆုံးနှင့် အမျိုးအစားအစုံဆုံး ဆေးပင်အရောင်းဆိုင်ကို သူချက်ချင်းဝင်မသွားသေးပဲ အနီးအနားဆိုင်တွေမှာ စျေးစုံစမ်းသေးသည်.. ပြီးမှ သစ်ခွဥယျာဉ်ဟု အမည်ရသော ဆိုင်ကြီးထဲသို့ ဝင်သွားလေသည်..

သစ်ခွဥယျာဉ်သည် ပရိဘောဂဆိုင်ထက် ပိုကြီးသည်.. ဆေးပင်တွေနှင့် ဆေးမျိုးစေ့များကို သက်သက်စီပြသထားသည်.. ဆေးမျိုးစေ့ဝယ်ယူသူ အနည်းငယ်သာတွေ့ရသည်..ဆေးမျိုးစေ့များမှာ နေရာယူမှုမရှိသောကြောင့် ဆိုင်ရှေ့တန်းတစ်တန်းထဲမှာပင် အစုံပြသထားသည်.. ဝယ်ယူသူ ဟိုတစ်စု ဒီတစ်စုသာ ရွေးချယ်ဝယ်ယူနေကြသည်..

ယူရှောင်မိုဝင်သွားတော့ ဆိုင်ဝန်ထမ်းက လာနှုတ်ဆက်သည်.. သူဘာကြောင့်ရောက်လာသည်ကို ရှင်းပြလိုက်တော့ သူ့ကို အဆင့်တစ်မှ သုံးထိ ဆေးမျိုးစေ့ထားရာနေရာကို ခေါ်ဆောင်သွားတော့သည်..

ဆိုင်ဝန်ထမ်းက ယဉ်ကျေးစွာဖြင့် လှည့်မေးလာသည်..
"ဧည့်သည်တော်လေးက နေရာမှန်ကို ရောက်လာတာပဲ.. ကျွန်တော်တို့ သစ်ခွဥယျာဉ်က ဟယ်ပင်းမြို့မှာ မျိုးစေ့အစုံဆုံးဆိုင်ပဲ.. ဘယ်လောက်များ ဝယ်ချင်တာပါသလဲ?"

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Kde žijí příběhy. Začni objevovat