16.2K 2.6K 48
Unicode version
မှော်ဆေးလုံးအရောင်းဆိုင်ကထွက်လာတော့ ယူရှောင်မို ရွှေစလေးရာ့လေးဆယ်ကိုင်ရင်း တခြားလမ်းက ပရိဘောဂအရောင်းဆိုင်ကို ရောက်လာခဲ့သည်..ဆိုင်တာဝန်ခံကြီး ပေးသည့်စျေးနှုန်းကို ကြားတော့ သူအရမ်းစိတ်လှုပ်ရှားခဲ့ရသည်..သူ့အိတ်ထဲမှာရှိသော ဆေးလုံးတွေကို အကုန်ရောင်းခဲ့ချင်သော်လည်း တကြိမ်တည်းမှာ အများကြီးရောင်းလျှင် သံသယဝင်လာနိုင်သည်.. နည်းနည်းစဉ်းစားပြီးတော့မှ နောက်တခါတောင်အောက်ဆင်းမှပဲ ကျန်သည့်ဆေးလုံးများကို ရောင်းမည်ဟု ဆုံးဖြတ်လိုက်သည်..ပြီးတော့ မှော်ဆေးပင်မျိုးစေ့တွေ ဘယ်လောက်ကုန်ကျမလဲပေါ်မှာလဲ မူတည်သည်.. ရွှေစလေးရာ့လေးဆယ်နှင့်မလောက်လျှင် သူပြန်သွားပြီး ရောင်းဖို့ စဉ်းစားထားသည်..
ပရိဘောဂဆိုင်ဆိုသည့်အတိုင်း ပေါ့လာပင်, မဟော်ဂနီ, ဘုဇပတ်ပင် စသည့် သစ်အမျိုးမျိုးနှင့်ပြုလုပ်ထားသော ပရိဘောဂပစ္စည်းများရှိသည်.. ဟယ်ပင်းတစ်မြို့လုံးမှာ ပရိဘောဂအရောင်းဆိုင် တစ်ဆိုင်သာရှိသည်.. ဆိုင်က အတော်လေးကြီးပြီး သုံးခန်းတွဲဖွင့်ထားသည်.. ဆိုင်းဘုတ်ကြီးလဲ ချိတ်ဆွဲထားသည်.. အရမ်းထင်ရှားပေါ်လွင်ပြီး ယူရှောင်မို ဒီရောက်ကတည်းက သတိထားမိသည်..
အမျိုးစုံ ဆိုဒ်စုံသော ဗီရိုတွေကို ခင်းကျင်းပြသထားသည်..ဗီရိုတွေထဲမှာ အကန့်လေးတွေနှင့် ပိုင်းခြားထားသည်.. အားလုံးက ပေါ်လာသစ်နှင့်ပြုလုပ်ထားပြီး တောက်ပထည်ဝါနေသည်.. ဝန်ထမ်းတချို့ရှိသော်လည်း အားလုံးက ဝယ်သူများနှင့် ရှုပ်နေကြသည်..
ထောင့်နေရာလေးမှာ ရပ်နေသောတစ်ယောက်ကို ယူရှောင်မို မြင်လိုက်သည်..
"တုန်းကျို့ ဝယ်သူရောက်နေတယ်လေ.. ဘာလို့ မြန်မြန်သွားမမေးတာလဲ?"
သူ့ပါးစပ်မဟခင်လေးမှာပဲ အနီးအနားမှာရှိတဲ့ဝန်ထမ်းတစ်ယောက်က ထအော်လိုက်လေသည်.. သူ့အသံမှာ တခြားသူကိုနှိမ်ချပြီး မှိုချိုးမျှစ်ချိုးနိုင်လွန်းသည်.. ထောင့်မှာရပ်နေသော ဝန်ထမ်းလေးမှာ သူ့ကိုခေါ်မည်မထင်ထားသောကြောင့် လန့်၍ ထခုန်တော့သည်.. ယူရှောင်မို ကြည့်လိုက်တော့ ဝန်ထမ်းလေးမှာ အရမ်းငယ်လွန်းသောပုံပေါက်နေသည်..ကြည့်လိုက်တာနှင့် အသက်ဆယ့်ငါးနှစ်ထက်မကျော်မှန်း သိသာသည်.. ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ခန့်သာ ရှိသောကောင်လေး.. အာဟာရပြတ်လပ်မှုကြောင့် ပိန်ပါးလွန်းသောပုံဖြစ်နေသည်.. ရယ်လိုက်တော့ ပါးချိုင့်လေးနှစ်ဖက်က ထင်းခနဲပေါ်လာသည်.. တုန်းကျို့တစ်ယောက် ယူရှောင်မိုဆီလျှောက်လာလေသည်..
The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now