Chapter - 40 လေးရက် (ေလးရက္)

16.1K 2.5K 172
                                    

Unicode version

ယူရှောင်မို အဲဒီလူဘယ်သူမှန်းမသိသောကြောင့် ခေါင်းသာညိမ့်ပြလိုက်ရသည်..

ထိုလူက အဓိကအကြောင်းအရာကို အရင်မပြောပဲ ဝေ့နေသည်..
"လင်းရှောင်က မင်းကို ပြောခိုင်းလိုက်တာ ရှိတယ်.. ဒီရက်ပိုင်းမှာ သူ့မှ လုပ်စရာတွေရှိနေလို့တဲ့.. သူပြန်လာရင် မင်းကိုလာရှာမယ်တဲ့.. စိတ်မပူဖို့ ပြောခိုင်းလိုက်တယ်"

ယူရှောင်မို ပါးလေးတွေ နီသွားသည်.. ပထမပိုင်းတွေကို သူနားလည်ပေမယ့် နောက်ဆုံးအကြောင်းက ဘာအဓိပ္ပါယ်လဲ?
စိတ်မပူဖို့ ဆိုတာ ဘာလဲ?
ဘာလို့ သူက ဒီလူကို စိတ်ပူရမှာလဲ?
အရေးမပါတာတွေကို အရာလုပ်နေတယ်..

သူပြန်ပြောတာကို မစောင့်ပဲ ထိုလူက ဆက်ပြောပြန်သည်..

"ပြီးတော့ လင်းရှောင်က မင်းကို ငါးရက်စာ အရေအတွက်အတိုင်း ပြင်ဆင်ထားပါတဲ့.. သူလာရင် အားလုံးလာယူမယ်တဲ့.. ပျင်းမနေနဲ့တဲ့"

ဒါကမှ အရေးကြီးတာဟ!
ယူရှောင်မို ဘာမှ ပြန်မပြောနိုင်ပဲ speechless ဖြစ်သွားသည်..🙄
သူဒါမျိုးပြောစရာမလိုပါဘူး..
ပြီးတော့ သူလည်း ဘယ်တုန်းကမှ မပျင်းဖူးဘူးလေ..
ထို့အပြင် အခု သူက ခုန်းဝမ်တပည့်ဖြစ်နေပြီ..ဆရာ့ကို မျက်နှာပျက်စေခြင်းက ကောင်းသောအရာမဟုတ်..

"နားလည်ပါပြီ.. လာပြောပေးတာ ကျေးဇူးတင်ပါတယ်"
အတွေးထဲမှာ ဆဲဆိုနေသော်လည်း ယူရှောင်မို သူ့ကို ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်သည်..

ထိုသူက သူ့ကို ထပ်ကြည့်လာသည်.. သူ့မျက်နှာချောချောက ရေခဲတုံးလို အေးစက်နေသည်.. သူက ခပ်ပြက်ပြက်ပြန်ပြောသည်..
"ကျေးဇူးတင်စရာမလိုပါဘူး.. အကိုကြီး လာခိုင်းလို့လာတာ.. မင်းကြောင့် လာတာမဟုတ်ဘူး.. ပြီးတော့ မင်းနဲ့ အကိုကြီးကြားမှာ ဘာသဘောတူညီချက်တွေ ရှိလဲ မသိပေမယ့် မင်းကို အကိုကြီးနဲ့ ဝေးဝေးနေစေချင်တယ်.. အကိုကြီးနဲ့ အတူတူရှိနေတာက ဘာမှ ကောင်းတာ ရှိလာမှာ မဟုတ်ဘူး"

ဟာာ စိတ်ချင်းတူလိုက်တာ..
ယူရှောင်မို သူ့လက်ကို ဖမ်းဆုပ်မိမတတ် ဖြစ်သွားသည်..
လင်းရှောင် ဒီလူရှုပ်..
သူနဲ့အတူရှိနေတာ ဘာမှ ကောင်းတာမရှိသည့်အပြင် နေရာတကာ ဆရာလုပ်တာလဲ ခံရသည်..
ကိုယ်ပိုင်လွတ်လပ်မှုဆိုတာ နဲနဲလေးတောင်မရှိဘူး..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now