Chapter - 42 နှစ်သိမ့်မှု (ႏွစ္သိမ့္မႈ )

16.8K 2.5K 57
                                    

Unicode Version

လင်းရှောင်ထွက်သွားတော့မှ သူ့မှာလုပ်စရာတစ်ခုကျန်နေသေးတာ သတိရသွားသည်.. အစက ဆေးပင်ခန်းမကိုသွားခြင်းမှာ ဦးလေးကျောက်ဆီ ဆေးလုံးပြန်အပ်ရုံသာ မဟုတ်ပဲ အကိုဝူရန်ဆီမှာပါ တောင်အောက်ဆင်းခွင့်တောင်းရန် ဖြစ်သည်..

ဂိုဏ်းသားတိုင်း တစ်လကို နှစ်ကြိမ် တောင်အောက်ဆင်းခွင့်ရှိသည်..ဒီလအတွက် ယူရှောင်မိုတွင် တောင်အောက်ဆင်းခွင့် တစ်ကြိမ်ကျန်နေသေးသည်.. ထို့ကြောင့် သန်ဘက်ခါဆင်းမည်ဟု ဆုံးဖြတ်ထားသည်..ရက်အနည်းကြာလျှင် လကုန်တော့မည် ဖြစ်သောကြောင့် အကယ်၍ သူနောက်တော့မှဆင်းမည်ဆိုလျှင် တစ်ကြိမ်နစ်နာသွားနိုင်သည်.. အကိုဝူရန်က ဆရာတူညီအကိုများဖြစ်သောကြောင့် စဥ်းစားတွေဝေခြင်းမရှိပဲ ခွင့်ပြုလိုက်လေသည်..

နောက်တစ်ရက်မှာ လင်းရှောင်ရောက်လာတော့ ထိုအကြောင်းကို ပြောပြလိုက်သည်..

သူတောင်အောက်ဆင်းမည်ကြားတော့ လင်းရှောင်က ဘာလုပ်မှာလဲလို့တော့ မမေးပေ.. အားရပါးရပြုံးရင်း ပြန်ပြောသည်မှာ-
"အတော်ပဲ.. ငါလည်းတောင်အောက်ဆင်းချင်နေတာ.. မနက်ဖန် အတူတူသွားကြတာပေါ့"

ယူရှောင်မို ပြောမိတာ တကယ်ကို နောင်တရသွားသည်..
"ခင်ဗျား မနေ့ကမှပြန်လာတာလေ? ဘာလို့ ထပ်သွားချင်သေးတာလဲ?"

"ဒါ ထျန်းရှင်းဂိုဏ်းကပေးတဲ့တာဝန်.. လတိုင်း စစ်သည်တော်ဌာနက ဂိုဏ်းသားတွေက တောင်အောက်ဆင်းပြီး လေ့ကျင့်ရတယ်.. အကိုကြီးတစ်ယောက်အနေနဲ့ ငါ့မှာကြည်ရှုစောင့်ရှောက်ဖို့ တာဝန်ရှိတယ်.. မဟုတ်ရင် သူတို့ တစ်ရက်နှစ်ရက်အတွင်း အသတ်ခံရနိုင်တယ်.. ထျန်းရှင်းဂိုဏ်းကသာ သံသယရှိမနေရင် ငါလည်းမသွားပါဘူး.. ဒါပေမယ့်--- မင်းအသံနားထောင်ရတာ ငါနဲ့အတူတောင်အောက်မဆင်းချင်တာလား"

လင်းရှောင်က သူ့တာဝန်တွေကို တွန့်ဆုတ်ခြင်းမရှိပဲ ယူရှောင်မိုကို အကုန်ပြောပြလိုက်သည်.. ဒါက လျို့ဝှက်ရမည့်ကိစ္စမဟုတ်ဟု သူထင်သည်.. သို့သော် နောက်ဆုံးအကြောင်းမှာတော့ သူ့အသံက ခြိမ်းခြောက်သံဖြစ်လာသည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Onde as histórias ganham vida. Descobre agora