Chapter - 2 ကုန်သွယ်ရေးဌာန (ကုန်သွယ်ရေးဌာန)

29.5K 3.3K 26
                                    

Zawgyi version

အခန်းထဲက ထွက်ခွာသွားပြီးမှ လူငယ်လေးနာမည်ကို ယူရှောင်မိုသိလိုက်သည်.. သူ့နာမည်မှာ ကျန်းလျို့.. တကယ်တော့ သူက တစ်ဖက်ခန်းမှာ နေသူဖြစ်သည်..  အစမှာတော့ သူ့ကို ဘယ်သူမှသတိမထားမိကြပေ..   ရောင်ဝါစမ်းသပ်ပွဲနေ့ကျမှ သူ့ရဲ့ အပြာရောင်ရောင်ဝါကြောင့် လူတွေ သတိထားမိလာကြသည်.. အပြာရောင်ရောင်ဝါက သူအဆင့်မြင့်မှော်ဆရာဖြစ်လာနိုင်ကြောင်း သက်သေပင်. . အဆင့်မြင့်မှော်ဆရာဆိုသည်မှာ လုံရှန်းပြည်တွင် ထွက်ပေါ်ရန်ခက်ခဲလွန်းလှသည်.. မှော်ဆရာအများစုမှာ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့်မှာပဲ တန့်သွားကြတာများသည်.. အကယ်၍ အဆင့်မြင့်မှော်ဆရာတစ်ယောက်သာဖြစ်လာခဲ့လျှင် သူ၏အနာဂတ်မှာ အတိုင်းအဆမရှိဖြစ်လာနိုင်သည်.. အဆင့်မြင့်ဆေးလုံးတွေ ဖော်စပ်နိုင်လေလေ လူအများ၏လေးစားမှုရလေလေ ဖြစ်သည်... ထို့ကြောင့် အဆင့်မြင့်မှော်ဆရာများမှာ အမြဲတမ်း ထိပ်သီးဂိုဏ်းများ၏ ပစ်မှတ်ဖြစ်နေတော့သည်..

လွန်ခဲ့သည့်သုံးရက်တွင် ထျန်းရှင်းဂိုဏ်းမှ ယူရှောင်မိုနဲ့အတူ ဝင်ခဲ့သည့်သူများအားလုံးကို ယာယီဂိုဏ်းသားများအဖြစ် လက်ခံခဲ့သည်.. ရောင်ဝါစမ်းသပ်ပွဲတွင် ကျန်းလျို့၏အပြာရောင်ရောင်ဝါကိုတွေ့ရှိပြီးသည့်နောက် ကျန်းလျို့မှာ တရားဝင်ဂိုဏ်းသားအဖြစ် တိုးမြှင့်ချီးမြှောက်ခြင်းခံရလေသည်.. ကျန်းလျို့မှာ တရားဝင်ဂိုဏ်းသားဖြစ်သွားသည့်အတွက် နောင်နှစ်ဝက်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်မလိုတော့ပေ.. ထို့အပြင် ရောင်ဝါစမ်းသပ်ပွဲနေ့တွင် ဂိုဏ်းအကြီးအကဲများထဲက တစ်ယောက်က ကျန်းလျို့ကို သဘောကျသွားသည်.. ဒီနေ့တော့ အတွင်းဆောင်ကိုပြောင်းရွေ့ရန် ဖိတ်ခေါ်ခြင်းခံရလေသည်.. ထို့ကြောင့် သူနှုတ်ဆက်ရန် လာခြင်းဖြစ်သည်.. ယူ​ရှောင်မိုမှလွဲ၍ ကျန်သူများမှာ ကျန်းလျို့ကို မနာလိုလျက်ရှိကြသည်..
(အတွင်းဆောင် - တရားဝင်ဂိုဏ်းသားများသာနေခွင့်ရှိသောနေရာ)

"ဘယ်လောက်တောင်ကောင်းလိုက်လဲ.. ငါလဲ ဘယ်တော့များမှ ကျန်းလျို့လို တရားဝင်တပည့်ဖြစ်လာမလဲ မသိဘူး"

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now