Chapter - 50 သဘောတူတယ် (သေဘာတူတယ္ )

17.5K 2.6K 64
                                    

Unicode version

ဒီလိုမျိုး ဒုက္ခရောက်မှာကြောက်နေတတ်သော ငကြောက်လေး ယူရှောင်မိုလိုလူမျိုးကို လင်းရှောင် ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပါ.. သို့သော် ထူးဆန်းစွာပင် ယူရှောင်မိုကိုတော့ မုန်းတီးမနေပဲ ချစ်စရာကောင်းသည်ဟုတောင် မြင်နေလေသည်..  သူ့ကို စနောက်နေရတာကိုက ပျော်စရာကောင်းနေတော့သည်..

"ညီလေး မင်းမသေချင်သေးရင် ငါပြောတာကို လိမ်လိမ်မာမာနဲ့ နားထောင်.. နားလည်လား?"

လင်းရှောင် နှုတ်ခမ်းလေးတွန့်ကာ အရသာရှိရှိပြောလိုက်သည်..

ယူရှောင်မို ခေါင်းကို ပြုတ်ထွက်မတတ် ညိမ့်ပြလိုက်သည်.. အခု သူ့ဘဝက လင်းရှောင်လက်ထဲ ရောက်နေပြီ..
သူနားမလည်ခဲ့ရင်တောင် ____နားလည်ဟန်ဆောင်ရမည်သာ ဖြစ်သည်..

လင်းရှောင် မတ်တပ်ရပ်ပြီး ခြေအနည်းငယ်လှမ်းလိုက်သည်.. ယူရှောင်မိုဘက် ပြန်လှည့်လျှောက်လာပြီး ပြောလိုက်ပြန်သည်..

"အခုကစပြီး ငါကလွဲပြီး ဘယ်သူ့ကိုမှ အပြာရောင်ရေစက်ကို မပြရဘူး.. အဲဒါအရမ်းအရေးကြီးတယ်.. နားလည်လား?"

"နားလည်ပါတယ်!"

ယူရှောင်မို အားတက်သရော ခေါင်းညိမ့်လိုက်သည်..
"အပြာရောင်ရေစက်"မဟုတ်ပဲ "အပြာရောင်မျက်ရည်စက်"ဆိုတာလေးကို သူအရမ်းအမှားပြင်ပေးချင်သော်လည်း နည်းနည်းစဉ်းစားပြီးနောက် ပြောချင်စိတ်ကို ဗိုက်ထဲသာမျိုချလိုက်တော့သည်..ဘာပဲဖြစ်ဖြစ် ရေစက်နှင့် မျက်ရည်စက်လည်း ပုံသဏ္ဍာန်တူတာပဲလေ..

"ပြီးတော့ မှော်ဆေးပင်တွေ နယ်မြေထဲမှာ ရင့်မှည့်ချိန်ရောက်ရင် အများသတိထားမိစရာဖြစ်အောင် အများကြီးမခူးရဘူး.. ပြီးတော့ မင်းတနေ့ ဆေးလုံးတရာဖော်နိုင်တာ မှော်ရေကျေးဇူးကြောင့်ပဲ.. စပ်စုချင်တဲ့သူတွေက မင်းအကြောင်း စုံစမ်းလာခဲ့ရင် တခုခုမှားနေတယ်ဆိုတာ အနှေးနဲ့အမြန် သိသွားကြမှာပဲ.. ဒါကြောင့် ဒီနေ့ကစပြီးအလွန်အကျွံဆေးဖော်တာမျိုးတွေ မလုပ်ရဘူး"

လင်းရှောင်က ဆောင်ရန်ရှောင်ရန်အချက်တွေကို သူတခါမှမပြောဖူးသောအလေးအနက်အသံနှင့် ပြောလာသည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now