15.8K 2.4K 41
Unicode version
နောက်တစ်နေ့မှာ ယူရှောင်မို မိုးမျှော်ခန်းမသို့ ထွက်လာခဲ့သည်.. မိုးမျှော်ခန်းမမှာ အဆင့်မြင့်မှော်ဆရာများ တစ်လတစ်ကြိမ်ခန့် ဟောပြောလေ့ရှိသောနေရာ ဖြစ်သည်.. ဒီတလမှာတော့ ခုန်းဝမ်အလှည့်ဖြစ်သည်..မနေ့က မပြန်ခင်မှာ အကိုကြီးက သူ့ကို ဘယ်လိုပဲဖြစ်ဖြစ်ရောက်အောင်လာရမည်ဟု သေချာမှာလိုက်သောကြောင့် ရောက်လာခြင်းဖြစ်သည်..
မနေ့က ခုန်းဝမ် သူ့ကို တပည့်အဖြစ်လက်ခံလိုက်ခြင်းကို လူအနည်းငယ်သာသိသည်.. အဆင်မြင့်မှော်ဆရာများ၏ ဟောပြောပို့ချချက်ကို လူအများအပြားလာရောက် နားထောင်လေ့ရှိသည်.. ထို့ကြောင့် ခုန်းဝမ်က ဒီအခွင့်အရေးကို အသုံးချ၍ ယူရှောင်မိုကို မြေကမ္ဘာတစ်ဖွဲ့လုံးသိအောင် မိတ်ဆက်ပေးချင်ခြင်း ဖြစ်သည်..
ယူရှောင်မို မိုးမျှော်ခန်းမကို သူပထမဆုံးအကြိမ်သွားဖူးခြင်းဖြစ်သောကြောင့် နောက်မကျစေရန် အချိန်အနည်းငယ်စော၍ ထွက်ခဲ့သည်.... ယူရှောင်မိုမှာ သိလိုစိတ်ပြင်းပြသည့်တခြားတပည့်များလိုမဟုတ်ပဲ မိုးမျှော်ခန်းမကိုတောင် သူအခုမှကြားဖူးခြင်း ဖြစ်သည်..မိုးမျှော်ခန်းမရောက်တော့ အားလုံးမှာ မြက်ခင်းစိမ်းပေါ်တွင် နေရာယူပြီး ပြည့်နေလေပြီ.. အချိန်မရောက်သေးတော့ စကားတွေများနေကြသည်.. စကားတိုးတိုးတွေ အားလုံးစုသွားတော့ ကုန်စျေးတန်းကြီးလို ဖြစ်နေသည်..
ရှေ့ဆုံးတန်းက တစ်ယောက်က မတ်တပ်ရပ်ပြီး လက်ဝှေ့ယမ်းမပြခင်အချိန်ထိ ယူရှောင်မို အပြင်မှာရပ်ပြီး အထဲကိုကြည့်ကာ အကိုကြီးကိုရှာနေလေသည်..
"ညီလေး ဒီမှာ.."
သူ့ကို လက်ပြနေသူမှာ ဖန်ချန်လဲ့ ဖြစ်သည်.. ဒီညီလေးကို သူစောင့်နေတာ အတော်ကြာခဲ့ပြီ.. မျက်မှောင်ကြုံ့ကာ စိတ်ပူပန်​နေပုံရသည့်ညီလေးကို သူ့ခေါင်းအလှည့်မှာတွေ့သွားသည်.. ညီလေးကိုတွေ့တော့ သူသဘောတကျနှင့် ပြုံးရယ်မိသည်.. ပထမဆုံးအကြိမ်ရောက်ဖူးတာမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည့်ညီလေးကို သူလှမ်းခေါ်ဖို့သာ ဆုံးဖြတ်ခဲ့သည်.. သို့သော် ဖန်ချန်လဲ့အသံကြောင့် မိုးမျှော်ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်..
The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now