Chapter - 26 တရားမျှတမှု မရှိသောအခြေအနေ (တရားမွ်တမႈ မရွိေသာအေျခအေန)

17K 2.8K 179
                                    

Unicode version

ယူရှောင်မို လင်းရှောင်နှင့် အကြိမ်အနည်းငယ် တွေ့ဆုံဖူးသည်..သူ့အပြုံးကိုတော့ တခါမှမမြင်ဖူးပေ.. ဒီလို ညင်သာစွာပြောဖို့မပြောနှင့်.. ဦးလေးမိုကူ သို့မဟုတ် ဂျူနီယာညီမလေးနှင့် အတူရှိနေချိန်တွင်တောင် သူမပြုံးဖူးပေ..ဒါက ပထမ မသင်္ကာစရာအချက်ဖြစ်သည်..

ဒုတိယ မသင်္ကာစရာအချက်ကတော့ သူ့စကားများ ဖြစ်သည်.. သူသာ လင်းရှောင်အစစ်ဆိုပါက ယူရှောင်မို ဦးလေးမိုကူတို့နှင့် အတူမသွားတာ သိရမည်.. ဟယ်ပင်းမြို့ကို သူတို့စရောက်သည့် မနက်တည်းက လမ်းခွဲသွားကြတာဖြစ်သည်.. မနက်ဖြန်မနက်မှသာ သူတို့ ပြန်တွေ့ကြမည်ဖြစ်သည်.. ထိုအချက်တွေကြောင့် သူ့ရှေ့မှာရှိနေသူက သူအရင်ကသိခဲ့သော "လင်းရှောင်"မဖြစ်နိုင်ပေ..

သို့သော် ထိုလူကတော့ သူ့ကိုယ်သူ လင်းရှောင်ဟုပြောနေသည်.. ပြီးတော့ သူ့မျက်နှာကလဲ လင်းရှောင်နှင့် တပုံစံတည်းပင်.. ကွာခြားမှုရှိမည်ဆိုလျှင်တောင် သူ့ဝတ်စုံသာဖြစ်ရမည်.. မနက်က လင်းရှောင်က အမည်းရောင်ဝတ်စုံဝတ်ထားသည်.. အခုလင်းရှောင်က အဖြူရောင်ဝတ်စုံဝတ်ထားသည်.. ဝတ်စုံတင်မက ကိုယ်နှုတ်အမူအရာ အပြုအမူနှင့် ကိုယ်ရောင်ကိုယ်ဝါတွေပါ လုံးဝပြောင်းလဲသွားသည်..

တကယ်တော့ အရှေ့မှာရှိနေသူက အယောင်ဆောင်ဖြစ်နေပါစေဦး ယူရှောင်မို ဂရုမစိုက်ပေ.. သူသိတာကတော့ အမည်းဝတ်စုံနှင့်လင်းရှောင်ထက် အခုအဖြူဝတ်စုံနှင့်လင်းရှောင်က ပိုအန္တရာယ်များသည်ဟု ခံစားရလေသည်..

သူအထစ်ထစ်အငေါ့ငေါ့ဖြင့်
"အစ် အစ်ကိုကြီးလင်း, ကျွန်တော်လုပ်စရာလေးတွေရှိသေးလို့.. နောက်မှတွေ့မယ်နော်!"

ပြောပြီးပြီးချင်း အနောက်ကို လှည့်လိုက်သည်.. လင်းရှောင်တစ်ခုခုပြောချင်နေတာကို မသိချင်ယောင်ဆောင်လိုက်သည်.. ခြေလှမ်းနှစ်လှမ်းတောင် မလှမ်းရသေးခင်မှာ သူလည်ပင်းတွေ တင်းကြပ်လာပြီး အသက်ရှုမရတော့ပေ.. မြေပြင်မှ လေပေါ်ကို မြောက်တက်သွားပြီး သူ့ခေါင်းကိုလှည့်လိုက်ကာ လင်းရှောင်နှင့်မျက်နှာချင်းဆိုင်ဖြစ်သွားသည့်အပြင် သူ့နှာခေါင်းနှင့် ငါးစင်တီမီတာလောက်သာ ကွာတော့သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now