Chapter - 29 အခက်ခဲဆုံး မှော်ဆေးလုံး (အခက္ခဲဆုံး ေမွာ္ေဆးလုံး)

17.2K 2.5K 35
                                    

Unicode version

နေ့ခင်းဘက်တွင်လည်း ယူရှောင်မို ဆေးပင်ခန်းမကို ဆေးဖော်ဖို့မသွားဖြစ်ပေ..တနေ့က နှစ်ရက်လောက်ခွင့်ယူဖို့ ပြောထားခဲ့သည်.. ပြီးတော့ သူတို့တွေ ဆေးပင်ခန်းမကိုလည်း နေ့တိုင်းသွားရန်လည်း မလိုအပ်တော့ပေ.. လွန်ခဲ့တဲ့ရက်တွေတုန်းကတော့ သူတို့ ဆေးပင်ခန်းမကို နေ့တိုင်းလိုလိုသွားရသည်.. သူတို့မှာ ထျန်းရှင်းဂိုဏ်းသားအသစ်ဖြစ်သည့်အပြင် သူတို့နားမလည်သည့်အရာတွေ အများကြီးရှိသေးသောကြောင့် ဖြစ်သည်.. ထို့ကြောင့် အကိုကြီးဖန်က သူတို့ကို နေ့တိုင်းလာခိုင်းတာဖြစ်သည်.. အခုတော့ ဆေးဖော်နည်းသိသွားကြပြီး ဆေးအိုးရှိသည့် ဘယ်နေရာတွင်မဆို ဆေးဖော်နိုင်ကြပြီဖြစ်သည်.. သို့သော် ယူရှောင်မိုကတော့ ဆေးပင်ခန်းမကိုသွားပြီး အဆင့်တစ်ဆေးပင်သုံးရာကိုတော့ သွားယူနေတုန်း ဖြစ်သည်.. သူအတွက် ဟိုတနေ့ကစပြီး သူ့ဘဝကြီးမှာ ခက်ခဲကြမ်းတမ်းသည့်လမ်းပေါ်လျှောက်နေရသလို ခံစားနေရတော့သည်..

မြေကမ္ဘာအဖွဲ့မှ လူများက သူ့ကို ကျောက်တုံးခန်းမတွင်စောင့်ပြီး မေးခွန်းတွေမေးလေ့ရှိတာကို သူတကယ်နားမလည်နိုင်.. သူကတော့ ထိုသူတို့ကို ရှောင်ရှားကာ သွားလိုက်သည်..

အခန်းပြန်ရောက်တော့ ယူရှောင်မို တံခါးနှင့် ပြတင်းပေါက်တွေကို တင်းတင်းပိတ်ပြီး နယ်မြေထဲကို ဝင်လိုက်သည်.. နယ်မြေထဲတွင် သူမနေ့တည်းက အားလုံးပြင်ဆင်ထားပြီးသားဖြစ်သည်.. လင်းရှောင်နဲ့ တွေ့ဆုံပြီးသည့်နောက်တွင် အကြောက်တရားဆိုတာဘာလဲ သူကောင်းကောင်းသိသွားလေသည်..

ဗီဒိုထဲက သစ်ခွဥယျာဉ်က လက်ဆောင်ပေးလိုက်သော အဆင့်တစ်မျိုးစေ့တွေကို ထုတ်လိုက်သည်.. ယူရှောင်မို သူသိတဲ့ မျိုးစေ့တချို့ကို ယူရင်း မြေပြင်ပေါ် ကြဲပက်လိုက်သည်.. နယ်မြေရဲ့ သုံးပုံတစ်ပုံလောက်ကို စိုက်ပျိုးလိုက်ပြီး ကျန်တာကို သိမ်းထားလိုက်သည်..
အဆင့်နှစ်မျိုးစေ့တွေကို သူထုတ်လိုက်ပြန်သည်.. အဆင့်နှစ်မျိုးစေ့နှင့်ပတ်သက်ပြီး ယူရှောင်မို အကိုကြီးဖန်ကို မေးခဲ့ဖူးသည်.. မြေကမ္ဘာအဖွဲ့တွင်ရှိသည့် မျိုးစေ့များမှာ များသောအားဖြင့် အတွေ့များသောမျိုးစေ့များသာဖြစ်သည်.. နောက်ပိုင်းတွင် သူ အဆင့်နှစ်မှော်ဆရာအဖြစ်သို့ရောက်ပါက ဆေးပင်ခန်းမကိုသွားပြီး သူ့အတွက်ဝေစုဖြစ်သော အဆင့်နှစ်ဆေးပင်များကို ထုတ်ယူနိုင်သည်..အကယ်၍ မှော်ဆေးပင်တွေကိုသာ သူလိုသလောက်ရနေပါက မှော်ဆေးလုံးများကို သူဖော်စပ်နိုင်ပြီ ဖြစ်သည်.. ထို့ကြောင့် အဆင့်နှစ်ဆေးမျိုးစေ့ကို ရှစ်ထုပ်သာ ထုတ်ယူလိုက်သည်.. မှော်ဆေးလုံးနှစ်မျိုးဖော်စပ်ရန်အတွက် လိုအပ်သည့်ဆေးမျိုးစေ့ကိုသာ သူအရင်စိုက်ကြည့်မည်ဟု ကြံစည်ထားသည်.. ကျန်တာတွေကိုတော့ သူစောင့်ကြည့်ရဦးမည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now