Chapter - 1 မှော်ဆရာရဲ့ စိတ်ဝိညာဉ် (မှော်ဆရာရဲ့ စိတ်ဝိညာဉ်)

111K 4.6K 281
                                    

Zawgyi Code version

မှန်သားပြင်မှာပေါ်နေတဲ့သူစိမ်းတယောက်ရဲ့ပုံရိပ်ကို ယူရှောင်မို စိုက်ကြည့်နေမိသည်..
ဦးနှောက်ဆဲလ်တွေ ပင်ပန်းစွာအလုပ်လုပ်ပီးခါမှ တခြားတယောက်ရဲ့ခန္ဓာကိုယ်ထဲကို သူ့ဝိညာဉ်ရောက်ရှိနေတယ်ဆိုသည့်အချက်ကို လက်ခံလိုက်ရလေသည်.. မှန်ထဲက လူငယ်လေးမှာ အသက် ၁၇ ၁၈ ခန့်သာရှိအုံးမည်.. သူ့အသက်နှင့် သိပ်မကွာ.. ရှည်လျားတဲ့ အပြာရောင်တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး နက်မှောင်သည့်ဆံကေသာခေါင်းပေါ်မှာလဲ စိမ်းပြာရောင်ဆံထိုးလေး ထိုးထားသေးသည်.. စိတ်ကူးယဉ်ဆန်ဆန် အပြင်အဆင်လေး.. သို့သော်ငြား သူ့အသွင်အပြင်မှာ ဖြူဖျော့နေသည်.. အထူးသဖြင့် နှုတ်ခမ်းသားများမှာ အရောင်အဆင်းကင်းမဲ့နေသည်.. ခုလေးတင် လေပြင်းတိုက်ခတ်ခံလိုက်ရသလို လှပသောမျက်လုံးလေးမှာ နီရဲပြီး သစ်ကြားသီးလို ယောင်ကိုင်းနေသည်.. ယူရှောင်မိုတယောက် မျက်တွင်းတွေကျနေပြီး ရုတ်တရက်ပြောင်းလဲသွားသော သူ့မျက်နှာနှင့် အသားမကျသေးသလို ခံစားနေရသည်..

စဉ်းစားတွေးတောမှုများအလွန်မှာ နောက်ဆုံးတော့ ယူရှောင်မို အခန်းကို သေချာကြည့်မိတော့သည်.. ပစ္စည်းပစ္စရာနည်းပါးလွန်းလှသည်.. သစ်သားကုတင်, သစ်သားစားပွဲ, သစ်သားကုလားထိုင်နှင့် မှန်တင်ထားသော သစ်သားစင်သာ ရှိလေသည်..
တခြားမလိုအပ်သော ဘယ်အရာမှမရှိ.. ရိုးရှင်းသော ရှေးခေတ်အပြင်အဆင်များနှင့် ထုံမွမ်းနေသည်.. ဒီအဝတ်အစား ဒီပုံစံကို ကြည့်ခြင်းအားဖြင့် ဟိုးရှေးခေတ်ကာလဆီသို့ အချိန်ကူးပြောင်းခံလိုက်ရကြောင်း ယူရှောင်မိုတစ်ယောက် ဝမ်းနည်းဖွယ်ရာသိရှိလိုက်ရသည်.. သို့သော် သူသည် အခုခေတ်လူသားပေ.. ဘေးအိမ်မှ ဂတ်စ်ပေါက်ကွဲမှုက သူ့ကိုပါ ထိခိုက်စေမိကာ ဒီလူစိမ်း၏ခန္ဓာကိုယ်တွင်းသို့ ကူးပြောင်းခံလိုက်ရသည်ကို သူသေချာမှတ်မိနေသည်.. ထိုအဖြစ်က လက်ခံနိုင်ဖွယ်မရှိသော်လည်း အခုအမှန်တကယ်ဖြစ်နေလေပြီ.. ခက်ခက်ခဲခဲ တွေးတောမှုများအပြီးမှာ ယူရှောင်မိုတစ်ယောက် မီးစင်ကြည့်ကဖို့ ဆုံးဖြတ်လိုက်လေသည်..

ထို့ကြောင့်ဖိနပ်ကောက်စွပ်ပြီး တံခါးဖွင့်ကာ အပြင်ကအခြေအနေတွေကို စူးစမ်းရန်ပြင်စဉ် အပြင်ဘက်မှ ရုတ်တရက် တံခါးတွန်းဖွင့်ခံလိုက်ရသောကြောင့် သူအလန့်တကြားထခုန်မိသည်.. ယူရှောင်မိုနှင့် ဝင်တိုက်မိမှာစိုး၍ တခြားတဖက်ကလူကလည်း ချက်ချင်းရှောင်လိုက်ပြီး အလန့်တကြားပင့်သက်ရှိုက်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now