Chapter - 51 ဦးလေးဖူချန်း (ဦးေလး ဖူခ်န္း)

17.7K 2.4K 38
                                    

Unicode version

နယ်မြေအကြောင်းပြီးတော့ နောက်ပြသနာတခု ယူရှောင်မိုဆီတွင် ရှိနေပြန်သည်.. နယ်မြေနဲ့ပဲ ပတ်သက်သည်..
လင်းရှောင်ပြောသကဲ့သို့ပင် အပြာရောင်မျက်ရည်စက်လေးမှာ အဖိုးအနဂ္ဃထိုက်တန်သည်မှာ အမှန်ပင်.. ထျန်းရှင်းလို ဂိုဏ်းတောင် စိတ်ဝင်စားနေမှတော့ လင်းရှောင်က ဘာလို့ နည်းနည်းလေးမှ စိတ်မဝင်စားရတာလဲ? ပုံမှန်ဆိုလျှင် သူ့ကိုသတ်ပြီး လုယူမှာမလား? ဒီလိုအတွေးက လင်းရှောင်အပေါ်မတရားသော်လည်း ယူရှောင်မို မတွေးပဲ မနေနိုင်ဖြစ်နေသည်..

သို့သော် နယ်မြေက နှစ်ယောက်လုံးထွက်ခွါချိန်တွင် လင်းရှောင် ဒီကိစ္စကို နည်းနည်းမှ စိတ်မဝင်စားတော့သောကြောင့် သူ အနည်းငယ်သက်ပြင်းချနိုင်သွားသည်..

အပြင်မှာလည်း ကိစ္စတွေအများကြီးဖြစ်ပျက်နေသဖြင့် သူတို့နယ်မြေထဲတွင် ကြာကြာမနေနိုင်ပေ.. လင်းရှောင် လုပ်ပေးသည့် လေဆင်နှာမောင်းတွေ ငြိမ်ပြီး ပေါင်းမြက်တွေ နှုတ်ကုန်သွားတော့ သူတို့ နယ်မြေထဲက ထွက်လာကြသည်.. သူများတွေ အာရုံစိုက်ခြင်းမှကင်းအောင် ယူရှောင်မို သူ့ခြေထောက်ကို ကုသရန် မှော်ရေမသုံးဖြစ်ပေ..

သူတို့ထွက်လာပြီး သိပ်မကြာခင်မှာပဲ ထျန်းရှင်းဂိုဏ်းက အုပ်စုကြီးရောက်လာသည်.. စစ်သည်တော်အဖွဲ့မှ တပည့်များဖြစ်ကြသည်.. ခေါင်းဆောင်မှာ စီနီယာတဦးဖြစ်သည်..သူ့မုတ်ဆိတ်နှင့် ဆံပင်မှာ အဖြူနှင့်အနက်ရောနေသည်.. အသက်အရွယ်မှာ မငယ်လှသော်လည်း သူ့မျက်လုံးထဲတွင် စူးရှသောအလင်းတန်းကို မြင်နေရသည်..
ထိုလူမှာ လင်းရှောင်၏စီနီယာ အန်ကယ်ဖူချန်းဖြစ်သည်.. သူလည်းပဲ ဂိုဏ်းချုပ်တပည့်တစ်ယောက် ဖြစ်သည်..လိမ်မာပါးနပ်သော်လည်း ရက်စက်ကြမ်းကြုတ်သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည်..

ထန်ယွင်းချီမှာ လျင်မြန်စွာ သူ့အဖေကို အကြောင်းကြားလိုက်ပုံရသည်.. ဂိုဏ်းချုပ်ထန်ဖန်းမှာ ဟယ်ပင်းမြို့တွင် ပေါ်လာသည့်မိစ္ဆာကိစ္စကို ထိထိရောက်ရောက်ကိုင်တွယ်ချင်သည်.. ထျန်းရှင်းဂိုဏ်းသားအများစုမှာ လိုအပ်တာရှိလျှင် ဟယ်ပင်းမြို့သို့သာ သွားရတာဖြစ်သည်... ဂိုဏ်းသားများလုံခြုံရေးအတွက် ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်မှ ရမည်.. ထို့ကြောင့် ချက်ချင်းပင် သူယုံကြည်ရသော ငယ်သားများကို စေလွှတ်လိုက်လေသည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now