Chapter - 28 နှလုံးသားဆန္ဒ (ႏွလုံးသားဆႏၵ)

18.8K 2.6K 122
                                    

Unicode version

ထန်ဖန်းမှာ ထျန်းရှင်းဂိုဏ်းချုပ်နေရာကို ဆက်ခံခဲ့တာ နှစ်တစ်ရာနီးပါးရှိခဲ့ပြီ.. သူ့ဦးဆောင်မှုအောက်တွင် ထျန်းရှင်းဂိုဏ်းမှာ တဖြည်းဖြည်း နာမည်ရလာပြီး ပထမတန်းစားအဆင့်သို့ ရောက်ရှိလာခဲ့သည်.. အခုဆိုလျှင် လုံရှန်းပြည်တွင် အင်အားကြီးဂိုဏ်းစာရင်းဝင်ဖြစ်လာသည်.. ထန်ဖန်းသည် သာမန်စွမ်းရည်ရှိသော လူတစ်ဦးမဟုတ်ပေ.. အရင်လင်းရှောင်(Lin Xiao)မှတ်ဉာဏ်အရ ထန်ဖန်းမှာ သူ့ဆရာဖြစ်သော်လည်း လျို့ဝှက်တတ်သူတစ်ယောက်ဖြစ်သည်.. လင်းရှောင်(lin xiao)သည် သူ့၏အချစ်ဆုံးတပည့်ကြီးဖြစ်သော်လည်း ထန်ဖန်း၏အင်အား ဘယ်အဆင့်ရောက်နေပြီလဲဆိုတာတောင် သူမသိပေ... ထို့ကြောင့် အားလုံးက ထန်ဖန်းကို နားလည်ခန့်မှန်းရန်ခက်ခဲသော  ဉာဏ်များသည့်မြေခွေးအိုကြီးဟု သတ်မှတ်ကြသည်..

ထန်ဖန်းကို ကြောက်သောကြောင့် လင်းရှောင် (lin xiao) ဘယ်တုန်းကမှ ထန်ဖန်းရှေ့တွင် သူ့အားနည်းချက်နည်းနည်းလေးကိုတောင် ထုတ်မပြဖူးပေ..
ပိုအရေးကြီးတာက ထျန်းရှင်းဂိုဏ်းမှာ လုံရှန်းပြည်၏ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းဖြစ်သောကြောင့် အင်အားအစစ်အမှန်ကို လွယ်လွယ်ကူကူ ထုတ်မပြပေ..
လင်းရှောင်(Lin Xiao)လိုလူမျိုးတောင် ထျန်းရှင်းဂိုဏ်း၏အင်အားအစစ်အမှန်ကို မသိနိုင်တာ နှမြောစရာပင်..

ထန်ဖန်းကို သူ့ကိုဆင့်ခေါ်မည်ဆိုတာကို လင်းရှောင် အစတည်းကမျှော်လင့်ပြီးသားပင်.. သူ့စိတ်အခြေအနေ ကြီးကြီးမားမားပြောင်းလဲသွားမှု, ရုတ်တရက် မြေကမ္ဘာအဖွဲ့ကလူနှင့် အပေါင်းအသင်းလုပ်နေမှုတို့မှာ ထန်ယွင်းချီ သူ့အဖေဆီမျက်ရည်ခံထိုးတိုင်တန်းရန် လုံလောက်သောအချက်များ ဖြစ်သည်.. အရင်လင်းရှောင်(Lin xiao)မှတ်ဉာဏ်အရ ထန်ဖန်းသည် သမီးကို သည်းသည်းလှုပ်ချစ်သောသူဖြစ်သည်.. ထန်ယွင်းချီဖြစ်ချင်သောအရာအားလုံးကို သူလုပ်ပေးနိုင်သလောက် လုပ်ပေးသူဖြစ်သည်.. ဒီတကြိမ်မှာ အားလုံးရှေ့တွင် သူမ အရှက်ကွဲခဲ့ရသောကြောင့် ထန်ဖန်းဆီကို ပြေးတိုင်မှာ မြေကြီးလက်ခတ်မလွဲပေ..

"အကိုကြီး ဂိုဏ်းချုပ် အထဲမှာစောင့်နေတယ်"

ဂျူနီယာညီလေးက သူ့ကို စုဝေးခန်းမအထိလိုက်ပို့ပြီး အပြင်ဘက်တွင် ထားခဲ့သည်.. လင်းရှောင် ခမ်းနားလှသော စုဝေးခန်းမအပြင်ဘက်ကို ကြည့်နေမိသည်.. စုဝေးခန်းမနာမည်ရေးထိုးထားသော မော်ကွန်းကျောက်ပြားကို ထန်ဖန်းကိုယ်တိုင် ​ရေးဆွဲထားခြင်းဖြစ်သည်.. ချောမွေ့သော မျက်နှာပြင်ပေါ်က စုတ်ချက်တိုင်းမှာ တိကျပြတ်သားနေသည်.. အတွင်းကျကျ လျို့ဝှက်ထားသလိုပင်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Waar verhalen tot leven komen. Ontdek het nu