Chapter - 41 သဝန်တိုမှုများ (သဝန္တိုမႈမ်ား)

17.4K 2.5K 112
                                    

Unicode version

အသံကြားလိုက်သည်နှင့် ဘယ်သူမှန်း ယူရှောင်မို သိလိုက်သည်.. လှည့်ကြည့်လိုက်တော့ ရင်းနှီးနေသည့်ပုံရိပ်ကို တွေ့လိုက်ရသည်.. လေးရက်ကြာအပြီး နောက်ဆုံးတော့ သူပြန်လာပြီ.. ကြည့်ရသည်မှာ ပြန်ရောက်တာနဲ့ ချက်ချင်း သူ့ဆီရောက်လာပုံရသည်.. ဆေးလုံးတစ်ရာကို မစောင့်နိုင်တော့ဘူးထင်သည်..

ယူရှောင်မို သူ၏မကျေမနပ်အသံကို သတိမပြုမိပဲ သူ့ဆီလျှောက်သွားကာ ပေါ့ပေါ့ပါးပါးမေးလိုက်သည်..
"အကိုကြီးလင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့.. ဟ်ိုနေ့က အကိုကြီးမှာ လုပ်စရာတွေရှိနေတယ်ဆိုပြီး တစ်ယောက်လာပြောတယ်.. အဲ့ဒီလူက အကိုကြီးရဲ့ ဂိုဏ်းတူညီလေးလား?"

ပြောရင်းနဲ့ သူ့အိတ်ထဲက ဆေးပုလင်းနှစ်လုံးကို ထုတ်ယူလိုက်သည်.. လင်းရှောင်ဆီကို လက်ကမ်းပေးနေစဥ် ဖန်ချန်လဲ့အနားကို လျှောက်လာသည်..

"ဒီဘက်က စစ်သည်​တော်ဌာနက အကိုလင်းရှောင်ဖြစ်မယ်ထင်တယ်.. ကျွန်တော်က ဖန်ချန်လဲ့ပါ.. တွေ့ရတာဝမ်းသာပါတယ်"

လင်းရှောင် သူ့မျက်လုံးတွေကို မှေးကျဉ်းပြီး ကြည့်လိုက်သည်.. သူ့ရဲ့ စေ့စေ့စပ်စပ်စိုက်ကြည့်နေမှုတွေအောက်မှာ ဖန်ချန်လဲ့ ပြုံးနေတာကိုပဲ တွေ့ရသည်.. ဘာဖိအားမှ မရှိချိန်မှာတော့ ပြုံးနိုင်တာပေါ့..လင်းရှောင်သာ သူ့အစွမ်းကို ထုတ်သုံးခဲ့လျှင် ဖန်ချန်လဲ့အယောက်တစ်ရာရှိလည်း တောင့်ခံနိုင်မည်မဟုတ်ပေ..

ထိုအခါမှ ယူရှောင်မို သူတို့ကို မိတ်ဆက်ပေးဖို့ သတိရသွားသည်..
"အကိုကြီးလင်း ဒါကျွန်တော့်အကိုကြီး ဖန်ချန်လဲ့ပါ"

တစ်ချက်မျက်မှောင်ကြုတ်ကြည့်ပြီးသော် လင်းရှောင်ချက်ချင်း သူ့မူပိုင်လေပြေအပြုံးလေးကို ပြန်ချိတ်ဆွဲလိုက်ပြီး
"တွေ့ရတာ ဝမ်းသာပါတယ်.. ညီလေး ရှောင်မိုဆီက ခင်ဗျားအကြောင်းတွေ အများကြီးကြားဖူးပါတယ်.. အခုတွေ့တော့မှ မြေကမ္ဘာအဖွဲ့က ထူးချွန်ကျောင်းသားဆိုတာ ပြောစရာတောင် မလိုဘူးဆိုတာ သိရတယ်.. အသက်ငယ်ငယ်လေးနဲ့ အဆင့်လေးမှော်ဆရာ ဖြစ်နေပြီဆိုတာ ဘယ်လောက်တော်လိုက်သလဲ!"

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now