Chapter - 60 အခန်းတူတူသုံးကြမယ် (အခန္းတူတူသုံးၾကမယ္)

15.5K 2.4K 77
                                    

Unicode Version

လင်းရှောင် ကိုယ်တိုင်လာကြိုခြင်းသည် အင်မတန်ဂုဏ်ရှိသော ကိစ္စရပ်ဖြစ်လေသည်။ ထိုသတင်းပျံ့သွားပြီးနောက် အားလုံးက လင်းရှောင်ကိုယ်တိုင်သွားခေါ်ရသည့်ညီလေးကို မြင်ချင်တွေ့ချင်ကြလေသည်။

လင်းရှောင်သည် လူတိုင်းအားကျရသည့်  သိုင်းပညာပါရမီရှင်တစ်ဦးဖြစ်သည်။ သူဘာသူ ပမာမခန့် မလေးမစားပဲလုပ်လုပ် အေးတိအေးစက် အဖက်မလုပ်ပဲနေနေ သူ့ညီအကိုတွေရဲ့ရင်ထဲမှာတော့ သူက ထာဝရသူရဲကောင်းပင်။ အထူးသဖြင့် အခုလို သူ့အပြုအမူတွေ ပြောင်းလဲသွားချိန်မျိုးပေါ့။

လင်းရှောင်တောင်အောက်ဆင်းပြီး ပြန်လာတည်းက သူ့အပြုအမူတွေ ပြောင်းလဲသွားတာကို သတိထားမိကြသည်။ အရင်လင်းရှောင်၏ မပြောင်းမလဲရှိနေတတ်သောပုံစံမှာ သူနှင့်ပတ်သက်သည်ဖြစ်စေ မပတ်သက်သည်ဖြစ်စေ အမြဲအမူအရာမဲ့မျက်နှာသေ သာ ဖြစ်သည်။

အခုလင်းရှောင်ကတော့ မတူတော့ပေ။ သူ့မျက်နှာချောချောပေါ်မှာ အမြဲလိုလို အပြုံးဆင်ထားတတ်သည်။ သူ့စကားတွေကလည်း ပိုနွေးထွေးလာသည်။ ကျီစယ်နောက်ပြောင်ခြင်းတွေလည်း ရှိလာသည်။ သူ၏ ကျောက်စိမ်းကဲ့သို့ ကြည်လင်သောအသံနှင့် နွေးထွေးသည့်အပြုံးဆွဲဆောင်မှုတွေက ကျန်ညီအကိုတတွေကို ဖမ်းစားထားတော့သည်။

လင်းရှောင်ပြောင်းလဲမှုကို ဘယ်သူမှ သတိမထားမိတာမျိုးတော့မဟုတ်။ ပထမဆုံးပြန်ရောက်သည့်နေ့ကတည်းက ထျန်းရှင်းဂိုဏ်း၏မြေခွေးအိုကြီးများက သတိထားမိသွားသည်။ ထို့ကြောင့် ထန်ဖန်းနှင့်တွေ့ဆုံချိန်တွင် အမျိုးမျိုးလှည့်ပတ်အစ်အောက်မေးသော်လည်း အဖြေရှာမရဖြစ်ခဲ့သည်။ လင်းရှောင်ပြောင်းလဲမှုကို တခြားသူများလဲ နောက်ပိုင်းသိလာကြသည်။ ထျန်းရှင်းလို နာမည်ကြီးဂိုဏ်းများတွင် အရာရာသတိထားနိုင်မှ တော်ကာကျမည်။ ထို့ကြောင့် တခြားသူများလည်း လင်းရှောင်ကို ထန်ဖန်းလို အမျိုးမျိုးစစ်မေးကြသော်လည်း အဖြေရှာမတွေ့ပေ။ အဘယ်ကြောင့်ဆိုသော် လင်းရှောင်သည် ထျန်းရှင်းဂိုဏ်း၏လျို့ဝှက်ချက်တော်တော်များများကို သိနေလေသည်။ သို့သော် သူတို့မသိသည်က ထိုလျို့ဝှက်ချက်များကို မူလလင်းရှောင်၏မှတ်ဉာဏ်များထဲမှ ရရှိသည်ဆိုတာကိုပင်။

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Nơi câu chuyện tồn tại. Hãy khám phá bây giờ