Chapter - 30 ငါစားလိုက်ပြီ (ငါစားလိုက္ၿပီ)

17K 2.6K 245
                                    

Unicode version

တစ်ယောက်ယောက်က သူ့ကို နောက်ကပွေ့ကိုင်ပေးထားတာကို ယူရှောင်မို ခံစားလိုက်ရသည်.. လင်းရှောင်၏ပုံရိပ်ကို သူသတိမလစ်သွားခင် ဖျတ်ခနဲသာ မြင်လိုက်ရလေသည်..

ဝိညာဥ်စွမ်းအားကို အသုံးလွန်သွားတာလား? ကြည့်လိုက်တာနှင့် ယူရှောင်မိုတစ်ခုခုဖြစ်နေတာကို လင်းရှောင်မြင်နိုင်သည်.. လင်းရှောင် မျက်မှောင်ကြုတ်လိုက်သည်..
သူက မှော်ဆရာတွေရဲ့လေ့ကျင့်မှုနှင့် ပတ်သက်ပြီး သိပ်အကျွမ်းတဝင်မရှိပေမယ့် ပုံမှန်ဆို မှော်ဆရာတစ်ယောက်က ဆေးဖော်ချိန်တွင် သူ့ဝိညာဥ်စွမ်းအား ဘယ်လောက်ကျန်သေးလဲဆိုတာ ပြောနိုင်သည်ဆိုတာလောက်တော့ သူသိထားသည်.. ထို့ကြောင့် မှော်ဆရာတွေက သူတို့ရဲ့ ဝိညာဥ်စွမ်းအားလျော့နည်းလာပြီဆို ဆေးဖော်တာရပ်လိုက်ပြီး ခဏလောက် အနားယူပြီးမှသာ ဆက်လုပ်ကြသည်.. သို့မဟုတ်ပါက ဆိုးကျိုးတွေ ဖြစ်လာနိုင်သည်.. ဝိညာဥ်စွမ်းအားတွေ အလွန်နည်းသည်အထိ သုံးလိုက်ပါက အချိန်တစ်ခုထိကြာအောင် ပြန်မကောင်းလာနိုင်တော့ပေ..အလွန်အကျွံသုံးမိပါက ရက်အနည်းငယ် မလှုပ်ရှားနိုင်အောင်အထိ ဖြစ်သွားတတ်သည်..

အခု ယူရှောင်မို သူ့ဝိညာဥ်စွမ်းအားကို ဆေးဖော်ချိန်မှာ အသုံးလွန်သွားတာဖြစ်သည်.. လင်းရှောင်ကတော့ သိပ်မသိ​​ေသာ်လည်း သူ့ကို ပွေ့ချီထားတုန်းပင်..မမျှော်လင့်ပဲ ဒီကောင်လေးခန္ဓာကိုယ်က သူထင်တာထက် ပိုပေါ့နေသည်..ယူရှောင်မိုကို ကုတင်ပေါ်တင်လိုက်တော့ သူ့လက်ထဲကဆေးလုံးဆီသို့ လင်းရှောင်အကြည့်တွေ ကျရောက်သွားသည်.. ..
ဒီဆေးလုံးကြောင့်လား?

လင်းရှောင် သူ့လက်ဝါးကို ဆွဲဖြန့်ပြီး ဆေးလုံးကို ယူလိုက်သည်..ဒါအဆင့်တစ်ဆေးလုံးပဲ..တွေ့နေကြဆေးလုံးတွေလိုပင်..ဆေးလုံးထဲမှာပါသည့် စိတ်စွမ်းအင်သည် သူနေခဲ့သည့်နေရာက စိတ်စွမ်းအင်ကိုတော့ ဘယ်လိုမှ မယှဥ်နိုင်ပေ..

သို့သော် ဒီအဆင့်တစ်ဆေးလုံးက သူမနေ့က စားခဲ့တာတွေနဲ့ အနည်းငယ်ကွာခြားသည်..​ဒီဆေးလုံးထဲက စွမ်းအင်က ပိုသန့်စင်ပြီး ပိုပြင်းသည်..မနေ့က ဆေးလုံးတွေထက် လည်း ပိုပြီး အညစ်အကြေးသန့်စင်သည်.. ဒီအချက်က သူ့ကို အံ့ဩသွားစေသည်..ကြည့်ရတာ ဒီကောင်လေးက သူ့ကို စိတ်ကျေနပ်လောက်တဲ့ အံ့သြမှုတွေပေးနိုင်တာပဲ..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now