Chapter - 49 မင်းအင်္ကျီတွေချွတ် (မင္းအက်ႌေတြခြၽတ္ )

17.3K 2.5K 53
                                    

Unicode version

ယူရှောင်မို သူ၏အပြာရောင်မျက်ရည်စက်လေးအကြောင်းကို အသေးစိတ်ရှင်းပြလိုက်သည်.. နောက်ဆုံးတော့လည်း သူ့အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးမှာ ဘူးပေါ်သလို ပေါ်ခဲ့လေပြီ.. အစကနေ အဆုံးထိ အားလုံးပြောပြလိုက်ရလေသည်..

တကယ်တော့ ဒီအပြာရောင်မျက်ရည်စက်လေး ဘယ်လို သူ့ရင်ဘတ်ပေါ်ရောက်လာလဲဆိုတာတော့ သူကိုယ်တိုင်လဲမသိပေ.. ဒီရေကန်နှင့်ပတ်သက်ပြီး ပိုလို့တောင် မသိသေး ဖြစ်သည်.. ထို့ကြောင့် စကားအနည်းငယ်ပြောအပြီးမှာတင် ပြီးဆုံးသွားသည်.. ပြောပြပြီးနောက် လင်းရှောင်မျက်နှာကို ခိုးကြည့်သော်လည်း မပြောင်းလဲသောမျက်နှာကိုသာ တွေ့လိုက်သည်..

"မင်းပြောသလိုဆို ဒီအပြာရောင်မျက်ရည်စက်က မင်းရေချိုးနေတုန်း ပေါ်လာတာပေါ့.. ရေမချိုးခင်အချိန်ထိ မပေါ်သေးဘူးပေါ့?"

ဂုဏ်သရေကြီးမြတ်လှတဲ့လင်းရှောင်ကိုတော့ သူလွယ်လွယ်အရူးလုပ်လို့မရပေဘူးပဲ..ယူရှောင်မို၏ ဟာကွက်ကို တချက်တည်း ကိုင်လိုက်လေသည်.. ဒီမေးခွန်းကိုတော့ ယူရှောင်မိုကိုယ်တိုင် အဖြေမပေးတတ်ပေ.. တကယ်တော့ ယူရှောင်မို အပြာရောင်မျက်ရည်စက်လေး ဘယ်အချိန်တည်းက ပေါ်နေမှန်း သတိမထားမိပေ.. အဲ့အချိန်က ဒီကမ္ဘာကိုရောက်ခါစမို့ အရာအားလုံးဝေဝေဝါးဝါးဖြစ်နေချိန် ဖြစ်သည်.. ထို့ပြင် အဝတ်တွေကို အလွယ်တကူချွတ်ချပြီး မွေးရာပါအမှတ်အသားရှိ မရှိကို ကြည့်နေဖို့ အကြောင်းအရင်းလည်း မရှိပေ.. ဖြစ်နိုင်ချေနှစ်ခုတော့ရှိသည်.. ပထမတစ်ခုက ထိုအပြာရောင်မျက်ရည်စက်လေးမှာ မူလယူရှောင်မိုဆီတွင် ရှိနေပြီးသားဖြစ်သည်.. ဒုတိယကတော့ သူ ဒီကိုရောက်မှ ပေါ်လာတာလည်း ဖြစ်နိုင်သည်..

သို့သော် ဝိညာဉ်ကူးပြောင်းလာခြင်းသည် ယူရှောင်မို၏ အကြီးတကာ့အကြီးဆုံးလျို့ဝှက်ချက်ဖြစ်သည်.. လင်းရှောင်ကို အပြာရောင်မျက်ရည်စက်အကြောင်းကို ပြောပြလို့ရပေမယ့် ဒါတော့လုံးဝမရပေ.. အကြောင်းမှာ သူနှင့်လင်းရှောင်သည် ဒီလိုအရေးကြီးသည့်လျို့ဝှက်အကြောင်းအရာတွေကို ဖလှယ်ရလောက်အောင်ထိ မရင်းနှီးသေးဟု သူထင်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now