Chapter - 63 သက်တမ်း (သက္တမ္း)

27.6K 2.6K 71
                                    

Unicode Version

ယူရှောင်မို လင်းရှောင်ကို လှမ်းကြည့်လိုက်တော့ ထိုလူက နည်းနည်းလေးတောင် အံ့ဩမနေပေ။ သူ့နှုတ်ခမ်းဖျားမှာ ကျက်သရေအဖြာဖြာတောက်ပနေသော အပြုံးကို ချိတ်ဆွဲထားသေးသည်မှာ တော်ဝင်မင်းသားတပါးအလား ထင်ရသည်။ သူ့နောက်ကိုကျော်ကြည့်မိစဉ်မှာတော့ အပျိုပေါက်လေးများ၏ ရှက်ရွံ့ဖွယ်အမူအရာလေးများနှင့် လင်းရှောင်ကို ခိုးကြည့်နေကြသော ဂိုဏ်းတူညီမလေးများကိုမြင်သောအခါ ယူရှောင်မိုနှုတ်ခမ်းတွန့်လိုက်မိသည်။ ဒီလိုပုံစံ ဒီလိုလူမျိုးကို ဘာကြောင့်များ မိန်းကလေးတွေ ကြိုက်နှစ်သက်နေကြလဲ ယူရှောင်မို နားကိုမလည်နိုင်ပေ။

ကျိုးဖုန်းကို ပထမဆုံးစင်ပေါ်တက်လာဖို့ ဖိတ်ခေါ်လိုက်သည်။ ၂မီတာအကွာလောက်မှာ ရပ်နေသော ကျိုးဖုန်းပုံစံက ခန့်ထည်နေသည်။ ကျိုးဖုန်းမှာ အရပ်မြင့်မြင့် သန်သန်မာမာ ဗလကောင်းကောင်းနှင့် ကြံ့ခိုင်သူတစ်ဦး ဖြစ်သည်။ အထူးသဖြင့် အကျီအောက်မှာမြင်နေရသည့် လက်မောင်းကြွက်သားကြီးများကြောင့် သူ့ခွန်အားကို ခံစားသိရှိနိုင်သည်။ သူ့ကျောဘက်မှာလည်း ထျန်းရှင်းဂိုဏ်း၏အလေးချိန်အများဆုံးဓါးဟု ခေါ်ဆိုနိုင်သည့် ပေါင်ငါးရာလောက်လေးသည့် နှစ်ဖက်သွားဓါးရှည်ကိုလည်း လွယ်ထားသေးသည်။ ကျိုးဖုန်းကို ကြည့်ရုံဖြင့် ခွန်အားကြီးမားသောသိုင်းပညာရှင်ဆိုတာ သိနိုင်သည်။

စင်ပေါ်တက်လာသော ကျိုးဖုန်းမှာ လင်းရှောင်လာမှာကို မစောင့်ပဲ အကြီးအကဲများဘက်ကို လက်နှစ်ဖက်ဆုပ် အရိုအသေပြုရင်း ပြောလိုက်၏။

"ကျွန်တော်ရဲ့ ပထမဆုံးပွဲက အကိုကြီးနဲ့ယှဉ်ပြိုင်ရမယ်လို့ မထင်ခဲ့မိဘူး။ အမှန်အတိုင်းပြောရရင် ဝမ်းသာမိပါတယ်။ ကျွန်တော့မှာ အကိုကြီးနဲ့ လေ့ကျင့်ချိန်ဆိုတာ သိပ်များများမရှိခဲ့ဘူး။ ဒါပေမယ့် ကျွန်တော့ခွန်အားအကြောင်း ကျွန်တော်သိပါတယ်။ ကျွန်တော့်လက်ရှိခွန်အားနဲ့ အကိုကြီးကို မယှဉ်ပြိုင်ဝံ့ပါဘူး"

အားလုံးက သူ့ကို အံ့ဩတကြီး ကြည့်မိကြသည်။ ဒီစကားတွေက အရှုံးပေးမယ်လို့ ဆိုလိုချင်တာလား ?

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now