Ep-1

574 30 9
                                    

(Zawgyi)

"သား​သားရေ appaပြန်​​ရောက်​ပြီ..."

အိမ်​တံခါးကို ဖွင့်​ဝင်​ပြီး သားသားကို အရင်​ဦးစွာ အသံ​ပေးလိုက်​ကာ ဖိနပ်​တို့ကို ချွတ်​လိုက်​စဉ်​ မြင်​​တွေ့​နေကြမဟုတ်​​သော ဖိနပ်​တစ်​ရံက ဖိနပ်​ချွတ်​တွင်​​နေရာယူထားသည်​ကို ​တွေ့လိုက်​ရသည်​....

"သားသား..... Yoogeum...."

သားအဖနှစ်​​ယောက်​တည်း​နေသည့်​ အိမ်​မို့ ဘယ်​သူများ​ရောက်​​နေတာလဲ... အလုပ်​​က သူ​တွေကလွဲလို့ တခြားသူစိမ်း မလာတက်​တာကို​တွေးမိပြန်​​တော့....

ဖိနပ်​ကို​တောင်​ ​သေချာမချွတ်​နိုင်​​တော့ပဲ ​အိမ်​ထဲ​ပြေးဝင်​ကာ သားသားကို စိုးရိမ်​စိတ်​တို့ဖြင့်​ ​အော်​​ခေါ်ရင်း အိမ်​ထဲတွင်​လှည့်​ပတ်​ပြီး ရှာ​နေခိုက်​ အိပ်​ခန်းရှိရာမှ ကြားလိုက်​ရ​သော စကားသံအချို့...

"သားသား...."

ခပ်​​စေ့​စေ့ဖြစ်​​နေ​သော အိပ်​ခန်းတံခါးကို တွန်းဖွင့်​လိုက်​​တော့ ကစားစရာအရုပ်​​တွေကြားထိုင်​​နေတဲ့ သားသားနဲ့ ​ကောင်​​လေးတစ်​​ယောက်​...

"သားသား...."

ကစားနေတဲ့​ဘေးကို သွားထိုင်​ပြီး စိုးရိမ်​စိတ်​ဖြင့်​ သားသားကို ဆွဲယူ​ပွေ့ဖက်​လိုက်​​တော့ သားသားက Minhoကို မျက်​လုံးအဝိုင်းသားဖြင့်​ကြည့်​လာသည်​.... မျက်​စိအ​ရှေ့မှာ မြင်​​နေရတဲ့ ​ကောင်​​လေးကလည်း Minhoကို စူးစမ်းသလိုကြည့်​လာ၏...

"Appa.... ဘာဖြစ်​လို့လဲဟင်​...."

"Appa?..."

ထို​ကောင်​​လေးက သူဟာသူကြားရုံ​လေး​ပြောလိုက်​တာကို Minhoကြားလိုက်​ရသည်​.... ပြီးမှ Minhoကို ကြည့်​လာပြီး....

"ဦးဦး... ဦးဦးက သူငယ်​ချင်းYoogeumရဲ့ appaလား...."

ဘယ်​လို.... ​ကောင်​​လေးက Minhoကို အခု ဘယ်​လို​ခေါ်လိုက်​တယ်​... 'ဦးဦး´လို့​ခေါ်ရ​အောင်​လည်း ဒီ​ကောင်​​လေးနဲ့ Minhoနဲ့ အနည်းဆုံးကွာလှ သုံး​လေးနှစ်​​လောက်​ပဲကို... မဟုတ်​မှလွဲ​ရော ဒီ​ကောင်​​လေးက...

Minhoမျက်​စိ​ရှေ့က ​ကောင်​​လေးကို ​သေချာအကဲခတ်​ကြည့်​မိသည်​... အသိုင်းဝိုင်း ခပ်​ကြီးကြီးတစ်​ခုထဲက ဖြစ်မယ်​လို့​တော့ Minho ထင်​သည်​....

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now