40 (Final)

5.6K 201 15
                                    

"ကလေးလေးရေ...ကိုကိုပြန်လာပြီ"

Baekhyun အသံကိုကြားသည်နှင့် ကလေးပေါက်စလေးက ချက်ချင်းပြေးထွက်လာ၍ ရင်ခွင်ထဲစွေ့ခနဲဝင်လာတော့သည်...

"ကိုကို ပြန်လာပြီ!ခိခိ..."

Baekhyun လဲ ကောင်လေးပိစိအား တင်းတင်းလေးပြန်ဖက်လိုက်ရင်း ပါးဖောင်းဖောင်းလေးတွေအား တရှုံ့ရှုံ့နမ်းမိတယ်

"ကြည့်ပါဦး...ချစ်ဖို့ကောင်းလိုက်တာကလေးလေးက... ကိုကိုအလုပ်ကပြန်လာတာကို လာကြိုတယ်"

"ခိခိ...ကိုကို့ ကိုစောင့်နေတာဗျ"

"အယ် ဟုတ်လား ပြောပါဦး... ဘာလို့စောင့်နေတာလဲ"

Baekhyun မေးသောအခါ ကောင်လေးပိစိနှုတ်ခမ်းလေး အသာဆူကာ အချွဲပိုလေရဲ့...

"ဒီနေ့ ကျွန်တော် ဟင်းတွေများကြိချက်ထားတယ်"

"ဟုတ်လား? ဘာလို့လဲ"

"ကိုကို့ ကို ကျွန်တော်ရဲ့ ပထမဆုံးလက်ရာစားစေချင်လို့ ဟိဟိ"

အူမြူးနေသော ကောင်လေးပေါက်စဟာ တကယ်ကြိုးစားချက်ထားပုံပင်...
ဒီရက်ပိုင်း သူသင်ပေးထားတာတွေကြောင့် ကောင်လေးက ချက်တတ်သင့်သလောက်တော့ ချက်နိုင်လာပါပြီ...

အများကြီးလဲ တတ်သေးတာမဟုတ်ပေမဲ့ သေချာချက်ထားတယ်လို့ ပြောပုံအရ သူ့လက်ရာသူရင်ခုန်နေတဲ့ပုံစံနဲ့ ပေါက်စလေးရယ်ပါ...

"အဲ့တာဆို အရမ်းအရသာရှိမှာပဲ... ကိုကိုကတော့ အရမ်းစားချင်နေပြီ"

"ခိခိ အာ့ဆို ကျွန်တော်ထမင်းခူးပေးထားမယ်နော်... ကိုကိုကရေသွားချိုးနော်"

"ဟုတ်ပါပြီ ပုစိလေးရာ..."

ခုန်ဆွဆွနဲ့ထွက်သွားသော မိမိ၏ အသည်းတုံးလေးကိုကြည့်ရင်း Baekhyun ပြုံးနေမိပါ၏...

ချစ်ဖို့ကောင်းလိုက်တာ ပေါက်စလေးရာ...

*****************************

Baekhyun ဝင်လာတော့ ထမင်းစားဝိုင်း၌ထိုင်စောင့်နေတဲ့ ကလေးပေါက်စ...
သူ့ရှေ့မှာလဲဟင်းတွေစုံလို့...

Baekhyun ကောင်လေးဘေးတွင် ဝင်ထိုင်လိုက်တော့ သူ့အားထမင်းပန်းကန်လေးပေးကာ ဟင်းတွေလဲထည့်ပေးလာသည်...

••Oxygen••Wo Geschichten leben. Entdecke jetzt