28

1.8K 122 3
                                    

Party တွင် Chanyeol မျက်နှာလေးစူပုတ်နေတာကြောင့် Baekhyun ထိုင်မရထမရဖြစ်နေတယ်...
ကလေးလေးမျက်နှာမကောင်းရင် မနေတတ်သူမို့ ဘာလုပ်ပေးရမှန်းကိုမသိ...

Arpugyi ကလဲ မျက်နှာထားတင်းတင်းနဲ့ သူတို့ဘက်ကိုလှမ်းကြည့်နေပြီလေ...
ကြည့်လဲကြည့်ချင်စရာ Yeollie က ဧည့်မခံတဲ့အပြင် မျက်နှာရှစ်ခေါက်ချိုးထားတာကြောင့် လူတွေတောင်ထိုင်မရထမရ...

ကလေးလေးစိတ်ညစ်ပြေအောင် Baekhyun Arpugyi ကိုပြောပြီး အိမ်အနောက်ဘက် ပန်းခြံလေးထဲ ကလေးလေးကိုခေါ်လာကာထိုင်စေတယ်...

"Yeollie ah"

"ဟုတ် ကိုကို"

"စူပုတ်မထားရဘူးလေ ကလေးရဲ့..."

"ကျွန်တော်မှမနေချင်တာ ဟင့်"

မျက်နှာလေးမဲ့ကာ သူ့ရင်ခွင်ထဲတိုးဝင်လာသော ကောင်လေးအား Baekhyun ကျောပြင်လေးကိုပုတ်ပေးကာချော့မိတယ်...

"ကလေးကလိမ္မာပါတယ်ကွာ...ကိုကို တို့အပြန်ကျရင်စုပ်လုံးဝယ်သွားကြမယ်ခေ...၁၅ မိနစ်လောက်ပဲကြာတော့မှာ ကလေးရဲ့"

"ဟင့် နေချင်တော့ဘူးလို့ ဗြဲးးး"

ဟော...သူမလုပ်ချင်ရင်မလုပ်ရမှကို ကျေနပ်တဲ့ကလေးက အော်ငိုနေပြီရယ်...
Baekhyun မှာအိမ်ရှေ့မှလူတွေကြားသွားမှာစိုးလို့ မနည်းချော့ကာပြောရတော့သည်...

"မငိုပါနဲ့ကလေးရယ်...တိတ်တော့နော် ကိုကိုဘာလုပ်ပေးရမလဲပြော"

"အိမ်ပြန်မယ် ဟင့် *sob "

တရှုံ့ရှုံ့ငိုကာပြောနေတဲ့ကောင်လေးကြောင့် Baekhyun သက်ပြင်းသာချမိတော့သည်...
ပွဲပြီးတဲ့ထိမနေရင်အဆူခံရမှာကျိန်းသေ...

ပြသာနာတွေတရစပ်ရှာထားလို့ ကလေးလေးကို Arpugyi က ဆူချင်နေတာလေ...တော်ကြာ သူမရှိတဲ့အချိန်ဆူနေမှ ကလေးငိုနေရဦးမယ်...

"မငိုပါနဲ့ကလေးရယ် တိတ်တော့နော်"

ကလေးလေးနေမကောင်းဖြစ်ချင်လို့ထင်သည် အခုတလောအရမ်းဂျီကျနေတာရယ်...
ကလေးကအဲ့လိုပဲ စိတ်ဖိစီးတာတို့ သူမပျော်တော့ဘူးဆိုရင် နေမကောင်းဖြစ်တတ်တဲ့အကျင့်ရှိတယ်...

••Oxygen••Where stories live. Discover now