Ep:3

11.4K 740 6
                                    

Zawgyi>>>

မိုးလင်းခါစနေရောင်ခြည်လေး ကောင်လေးနှစ်ယောက်ပေါ်ဖြာကျလာသည်
အရင်ဆုံးနိုးလာသူက Baekhyun...

ဘေးတစ်ဖက်တစ်ချက်ကကောင်လေးကိုလှမ်းကြည့်မိတော့ ဖြူစင်လွန်းပြီးချစ်စရာကောင်းစွာအိပ်မောကျနေလေရဲ့

ညကသူနမ်းခဲ့ရတဲ့နှုတ်ခမ်းဖူးဖူးလေး...ပြီးတော့ တစ်ခါတစ်လေမျက်စောင်းထိုးတတ်တဲ့ yeollie ရဲ့မျက်ဝန်လေးတွေကို ဖုံးအုပ်ထားတဲ့မျက်ခွံမို့မို့လေး...ပါးလေးကလဲဖောင်းနေလိုက်တာ

အာား ကိုက်ဆွဲချင်လာပြီ ဘယ်လိုတောင်ချစ်စရာကောင်းလွန်းနေတာလား

"Immm ဟင်!ကိုကို"

သူစိုက်ကြည့်နေသည်မို့လားမသိ နိုးခါစကောင်လေးတစ်ယောက်ရှက်သွေးဖြာသွားတာက ပန်းသီးလေးတစ်လုံးသဖွယ်...

"ကိုကိုမကောင်းဘူးဗျာ သူများအိပ်နေတာကိုလိုက်ကြည့်မနေရဘူးလေ"

"ဘာလို့လဲ ချစ်လို့ကြည့်တာပဲကို"

"မသိဘူး ကြည့်နဲ့"

"ဘာဖြစ်လို့လဲ?"

"ရှက်...ရှက်တယ်"

ကလေးလေးပြောစကားကြောင့် Baekhyun ရယ်သည်...ထိုနည်းတူကျရောက်လာတဲ့ကောင်လေးမျက်စောင်းလေး

"ဘာရယ်တာလဲ"

"အိုက်ဂူး Park Chanyeol shi...ခင်ဗျားလေးကကျွန်တော့်ယောကျာ်းပါနော်"

"သိတယ်လေ ဟမ့်! အဲ့တာနဲ့ကိုကိုရယ်တာဘာဆိုင်လို့လဲလို့"

"ကြည့်တာလေးကိုရှက်နေတာကိုး အသည်းယားတယ်ကွာ"

ပြောပြောဆိုဆို chanyeol ကိုယ်လုံးလေးအားဆွဲညှစ်လိုက်သောကြောင့် ရုပ်လေးကခပ်မဲ့မဲ့...

"ဘာလို့ညှစ်တာလဲ နာသွားပြီ ကိုကိုနော်"

"အာ sorry ပါကွာ ...ကိုကိုကအသည်းယားပြီးစိတ်မထိန်းနိုင်ဖြစ်သွားလို့ပါ"

"ကျေနပ်မနေဘူး"

"မကျေနပ်ရင်ကိုကို့ကို ပြန်ဖက်လေ နော်"

"သြော် နစ်နာနေမယ်နော်"

ပြောပြောဆိုဆိုရင်ခွင်ထဲကရုန်းထွက်ဟန်ပြုနေသော ကလေးလေးအားအလွတ်မပေးဘဲ အသည်းယားစွာဆွဲဖက်ထားမိတော့ အယ် မျက်စောင်းတွေထိုးတယ်ဟ

••Oxygen••Where stories live. Discover now