Ep:22 (final)

7.1K 361 45
                                    

"Yeollie လေးရေ..."

"လာပြီ ကိုကို..."

အလုပ်ကပြန်ရောက်ရောက်ချင်း yeollie လေးကိုခေါ်လိုက်တော့ အပြေးလေးရောက်လာကာ ချွဲနေတဲ့အသည်းတုံးလေး...

"ကိုကို့ကလေးလေး အိမ်မှာပျင်းနေပြီလား??"

ကျောင်းပိတ်ရက်မို့ သူအလုပ်သွားရင် ကလေးကအိမ်မှာတစ်ယောက်တည်းကျန်ခဲ့တာ တစ်ခါတစ်လေ chen လာလည်တတ်ပေမဲ့ နေ့တိုင်းတော့မဟုတ်သည်မို့ စိတ်မချခြင်း...

"မပျင်းပါဘူးကိုကိုရ...ကျွန်တော်ကကျောင်းမတက်ရရင်ကိုပျော်တာ ခိခိ "

"အဆိုးလေး...ကျောင်းမတက်ချင်ရင် ကလေးကကြီးလာရင်ဘာလုပ်မှာလဲ?"

"ကိုကို့ ကို...."

"Bor!😨"

"အဲ...မှုတ်ပု မှုတ်ပု ကိုကို့ကိုဝိုင်းကူပေးမှာလို့ ဟီးဟီး"

"ကလေးကဘယ်လိုကူမှာလဲ?"

"ဟီး ကိုကို့ ကိုဝိုင်းကူတဲ့အနေနဲ့ အိမ်မှာပဲထိုင်စားမယ်လေ😜"

မပြောဘူးလား? သူလေးသိပ်ကြိုးစားရှာတာ😌 နေပါစေ ချစ်လွန်းလို့အလိုလိုက်ထားတာပဲကို အဲ့ပိစိသဘောအတိုင်းပေါ့...

"ဟာ...ကိုကိုကလေးအတွက် မုန့်ဝယ်လာဘူးလား?"

နှုတ်ခမ်းလေးတစ်တောင်လောက်ဆူလာတဲ့ ပိစိအားအသည်းယားစွာ အနမ်းခြွေပစ်လိုက်သည်...

"အွန့် နမ်းပဲနမ်းနေ!ကျွန်တော့်နှုတ်ခမ်းလေးပေါက်တော့မယ်"

စူပုတ်ပုတ်ရုပ်လေးနဲ့ပြောလာတဲ့ yeollie ကိုအသည်းယားစွာ ဖြစ်ညှစ်ပစ်ချင်တာ...

"ကိုကိုမုန့်ဝယ်လာပါတယ်ဗျာ ဟောဒီကလေးလေးအတွက်"

ပြောရင်းမုန့်ထုတ်ကိုရှေ့ချပေးတော့ မျက်လုံးလေးတွေလင်းလက်လို့...တခြားတော့မဟုတ်ဘူး စုပ်လုံးရယ်...ကလေးပိစိက တခြားမုန့်တွေလဲသိပ်မစားဘူး ထမင်းဆိုမနည်းချော့ကျွေးရတာ

"ဟီး အာ့ကြောင့်ကိုကို့ကို ချစ်တာ မွ"

Baekhyun ပါးပြင်အားအနမ်းခြွေကာ ချွဲနေတဲ့ကလေးလေးကြောင့် ရယ်သာနေမိတယ်...

••Oxygen••Where stories live. Discover now