Ep:10

6.9K 463 17
                                    

"ကလေးလေးရေ နွားနို့သောက်...အင်?အဲ့တာဘာလုပ်နေတာလဲ?"

ကုတင်ပေါ်ငုတ်တုတ်လေးထိုင်ကာ စောင်ကိုလုံအောင်ခြုံပြီးခေါင်းလေးပဲဖော်ထားတယ်လေ

"ကိုကို့ကိုပုန်းနေတာ"

အဆန်းကြီး...လုံအောင်မပုန်းဘဲခေါင်းလေးတော့ဖော်ထားပြီး လူမြင်မဲ့နေရာမှာပုန်းနေတယ်လေ ဘယ်လိုကလေးလဲမသိ

"ကိုကို့ကို?ပြောပါဦး ဘာလို့ပုန်းတာလဲ?"

သူမေးတော့သူ့လက်ထဲကနွားနို့ကိုလက်ညှိုးလေးထိုးပြသည်

"နွားနို့?"

"ဟုတ်"

"နွားနို့က ဘာဖြစ်လို့လဲ?ကလေးလေး"

"Yeollie အဲ့နွားနို့ကြီးသောက်ချင်ပုး"

"ဟော ညတိုင်းလဲသောက်နေကျပဲကလေးရယ် အခုမှဘာလို့မသောက်ချင်တာလဲ?"

"အရင်ကတည်းကမကြိုက်ပါဘူး Appa ကနွားနို့မသောက်ရင်မုန့်ဖိုးပေးဘူးဆိုလို့"

ကလေးကအစားသိပ်မစားတော့ အားနည်းမှာဆိုးလို့ ယောက္ခမကြီးကသောက်ခိုင်းတာလေ

"ကိုကိုကရော ကျွန်တော်မသောက်ရင်မုန့်ဖိုးပေးဘူးလားဟင်?"

မျက်လုံးလေးဝိုင်းကာမေးလာတဲ့ ကလေးလေးကြောင့်သူပြုံးသည် နွားနို့ခွက်လေးကိုဘေးချကာ ကလေးလေးနားဝင်ထိုင်ပြီး

"ကလေးကနွားနို့မကြိုက်ဘူးလား?"

"ဟုတ်"

"အဲ့တာဆိုမုန့်ဖိုးမရမှာဆိုးလို့သောက်တာပေါ့"

ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြသော ချစ်ရသူလေး...ဘယ်လိုတောင်ကလေးဆန်လွန်းနေတာလား?

"မုန့်ဖိုးမယူနဲ့ဆိုယူတော့ပါဘူး နွားနို့ကြီးမသောက်ချင်တော့ဘူး"

"ကလေးလေး ကိုကို့ကိုကြည့်"

"ဟုတ်"

"ကိုကိုကလေကလေးမကြိုက်တာဆို ဘာမှမလုပ်ခိုင်းဘူးနော် အခုကလဲ Arpugyi ကတိုက်ခိုင်းလို့ပါ စိတ်ချ ကလေးလေးမလုပ်ချင်ရင်ဘာမှမလုပ်စေရဘူး"

"အဲ့တာဆိုမသောက်ရတော့ဘူးပေါ့နော် 😮"

"အင်းပေါ့"

••Oxygen••Onde histórias criam vida. Descubra agora