"ကလေးလေး..."
".............."
"Wuri yeollie ကိုကို့ကိုလှည့်ကြည့်ဦးလေကွာ"
"...."
"ကလေးလေး ကိုကို့ကိုစကားနည်းနည်းလောက်ပြန်ပြောပါလား?"
"...."
ဆိုဖာပေါ်ထိုင်ကာနှုတ်ခမ်းတစ်တောင်လောက်ဆူထားတဲ့ yeollie....မနေ့ကသူချော့ရင်း လျှာရှည်တဲ့ပါးစပ်ကအမှန်သွားပြောလိုက်တာလေ သူ့ကိုငိုအောင်လုပ်တယ်ဆိုပြီး စိတ်ကောက်တော်မူနေလေရဲ့
"Chanyeol ah..."
အသံနဲ့အတူဝင်လာတာက ကလေးလေးသူငယ်ချင်း chen ရယ်...သူတို့အခြေအနေကိုမြင်ပြီးတော့ အံ့သြသွားတာပါးစပ်တောင်မစိနိုင်
အင်း..အံ့သြမှာပါ စူပုတ်ပြီးစိတ်ကောက်နေဟန်ရှိတဲ့ Chanyeol ကဆိုဖာပေါ်ခြေချိတ်ထိုင်နေပြီး
အောက်မှာတော့ Baekhyun ကဒူးထောက်လျက်သားလေးငုတ်တုတ်"H..hyung ဘယ်လိုဖြစ်တာလဲ?'
"Hee တွေ့တဲ့အတိုင်းပဲ Chen ရယ်...hyung ကိုမင်းသူငယ်ချင်းစိတ်ကောက်လို့ချော့နေတာ"
"Chanyeol ဟုတ်လား?"
"အဲ့လူကြီးတော်တော်ဆိုးလို့ ငါအပြစ်ပေးထားတာ"
အင်...စိတ်ဆိုးလို့ဒူးထောက်ခိုင်းထားတယ်တဲ့ အဲ့အပြစ်ကြီးကိုကျေကျေနပ်နပ် ခံယူနေတဲ့ hyung တစ်ယောက်ကလဲအပြုံးမပျက်...
"Chanyeol ah..hyung သနားပါတယ်ကွာ အပေါ်တက်ခိုင်းလိုက်ပါ"
"အာညိ!အဲ့လူကြီးကိုကျေနပ်တာမဟုတ်ဘူး လုံးဝပဲ"
"ဒါပေမဲ့..."
"ရပါတယ် Chen ရယ် မင်းတို့လွတ်လွတ်လပ်လပ်စကားပြောနော် hyung ကိုစိတ်ထဲမထားနဲ့"
Chen လဲ Baekhyun ကအောက်မှာထိုင်နေတာမို့ မနေတတ်ပဲသူဘေးမှာပဲထိုင်ချလိုက်သည်
"ဒါနဲ့နေပါဦး မင်းကဘာလို့စိတ်ကောက်ရတာလဲ?"
"ဟွင့် အဲ့ကိုကိုစိတ်ပုတ်ကြီးပေါ့ ငါမပြောချင်တာကိုအတင်းပြောခိုင်းတယ်လေ အာ့မကျေနပ်လို့အပြစ်ပေးထားတာ"
"ဘာကြီးရယ်?"
Chen ဘာပြောရမှန်းမသိပင်ဖြစ်သွားရသည် သူမပြောချင်တာပြောခိုင်းလို့ဆိုပဲ သူ့သူငယ်ချင်းရဲ့ဘာကိုကြည့်ပြီး Baekhyun hyung အဲ့လောက်အသည်းစွဲဖြစ်နေတာလဲနားမလည်
YOU ARE READING
••Oxygen••
Romanceကလေးက ကိုကို့ရဲ့ oxygen လေး... (warning:Chanyeol uke!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee