"ကိုကို Byun Baek shi..."
"ဗျာ ကိုကို့ကလေးလေး"
"Yeollie လေး တအားအေးတယ်ရယ်"
နှုတ်ခမ်းလေးထော်ကာပြောလာသော ပိစိရယ်...Baekhyun အသည်းယားစွာ ကောင်လေးရဲ့ပါးဖောင်းဖောင်းလေးတွေကို ဖိကပ်နမ်းပစ်လ်ုက်သည်...
"အသည်းယားလိုက်တာကွာ"
"ခ်ခ် "
Baekhyun စောင်လေးတစ်ထည်ကိုယူကာ ကောင်လေးကိုယ်လုံးလေးကို ပိုးတုံးလုံးလေးဖြစ်အောင် သေချာပတ်ပေးလိုက်သည်...
မျက်နှာလေးပဲဖော်ထားတဲ့ ကောင်လေးပိစိရဲ့ ပါးဖောင်းဖောင်းလေးဟာ တကယ်ကိုချစ်စရာ...
"ကိုကိုတို့ လက်ထပ်ပြီးခါစတုန်းကကိုသတိရတယ်"
"အွန် ဘာလို့"
"ကလေးအဲ့တုန်းကဒီလိုလေးပဲလေ စောင်လေးပတ်ပြီးကုတင်ပေါ်ကပြုတ်ကျတာ Haha"
"ခ်ခ် ကိုကို မှတ်မိတယ်ပေါ့"
"မှတ်မိတာပေါ့ အဲ့တုန်းကအိပ်ပုတ်လေးကို ကိုကို တရစပ်နမ်းပစ်လိုက်တာလေ"
"ဟီးး အာ့ဆိုအခုရော မနမ်းချင်တော့ဘူးလား"
"Aigoo နမ်းချင်တာပေါ့ ပါးလေးပေါက်သွားမှာစိုးတာ"
"အွင့်😳 ပါးလေးပေါက်အောင်တော့နမ်းပါနဲ့နော် Yeollie လေးကြောက်ပါတယ်ဗျ"
"ချစ်လိုက်တာကွာ"
ကောင်လေးကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲသွင်းကာ ဖြစ်ညှစ်လိုက်တော့ မျက်နှာလေးကရှုံးမဲ့မဲ့...
ရာသီဥတုကအေးနေပြီမို့ ကောင်လေးနှာခေါင်းလေးပင်ရဲနေသည်လေ...ဒါကိုပဲ နှစ်ယောက်သား နှင်းတွေကျတာကြည့်ဖို့ ဝရန်တာမှာထိုင်နေကြတာရယ်...
Baekhyun ရင်ခွင်ထဲ Chanyeol ကဝင်နေပြီး ထိုင်ခုံလေးပေါ်အတူထိုင်နေကြတဲ့မြင်ကွင်းလေးက တကယ်ကြည်နူးဖို့ကောင်းသည်လေ...
"ကြယ်လေးတွေကလှတယ်နော်"
"အင်း...ပြီးတော့အများကြီးပဲ"
"သဘောကျလား?"
"အင်း အရမ်းသဘောကျတယ် ခ်ခ်"
"ကိုကိုကလေးအပေါ်ထားတဲ့ အချစ်တွေကလဲအဲ့ကြယ်လေးတွေလိုပဲ ရေတွက်လို့မရဘူးသိလား?"
ВЫ ЧИТАЕТЕ
••Oxygen••
Любовные романыကလေးက ကိုကို့ရဲ့ oxygen လေး... (warning:Chanyeol uke!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee