Ep:16

5.1K 343 15
                                    

"ကလေးရေ ရေအကြာကြီးမချိုးနဲ့လေအအေးပတ်မယ်"

Baekhyun အပြင်ကလှမ်းပြောသည်ကို နားမထောင်စွာတခ်ခ်နဲ့ရယ်ပြီး ဆော့လို့ကောင်းတုန်း...Chanyeol ကအဲ့လိုကလေးလေးရယ်

ရေချိုးခန်းထဲဝင်ပြီး ဆော့နေရတာကိုကြိုက်တာတဲ့လေ...ရေချိုးရင်လည်းတော်တော်နဲ့မပြီးဘူး အဲ့တာကြောင့် Baekhyun မှာအအေးပတ်မှာစိုးလို့စိတ်ပူနေရတာရယ်

"ကလေးမပြီးသေးဘူးလား"

"ပြီးသေးပု"

"မြန်မြန်ချိုးဆို..."

"ရဘူး ချိုးဦးမှာ"

"အော်ဟော ထွက်မလာဘူးလား"

"လာပု"

"ရတယ်လေ အဲ့တာဆိုကိုကိုဝင်လာခဲ့မယ်"

"အဲ ဝင်လာနဲ့ပြီးပြီ ပြီးပြီ"

Baekhyun စနောက်ချင်တာနဲ့ ရေချိုးခန်းတံခါးကိုလှမ်းဖွင့်ဟန်ဆောင်တော့..

~ကျွီ

ရေချိုးခန်းတံခါးချက်ချင်းပွင့်လာကာ ပြေးထွက်လာတဲ့ကလေးလေး...

"မြန်လှချည်လား?"

"မြန်တာပေါ့ ကိုကိုကဝင်လာမယ်ဆိုလို့"

ပြောရင်းပါးလေးတွေရဲတက်လာတဲ့ ကောင်လေးကိုကြည့်ရင်း Baekhyun ရယ်သည်

"ဟား ဟား ကလေးပိစိတစ်ယောက်ရှက်နေပါပြီ"

"ဟာ!ကိုကို မစနဲ့ဗျာ"

အရှက်သည်းကာလိုက်ထုနေတဲ့ကောင်လေးရဲ့ လက်သွယ်သွယ်လေးတွေကို လှမ်းဖမ်းလိုက်ပြီးဆွဲဖက်ထားတော့

"ဖယ်ဗျာ!လွှတ် လွှတ် နှာဘူးကျိ ကြည့်လို့ကိုမရဘူး"

"မလွှတ်ပေးပါဘူး ဒီကလေးလေးကို တစ်သက်လုံးဖက်ထားမှာ"

Baekhyun ကစလိုက် Chanyeol စိတ်ကောက်လိုက်နှင့် သူတို့အိမ်လေးရယ်သံလေးတွေနဲ့သာပြည့်နှက်နေတော့သည်...ချစ်ရသူသာရှိရင် အချိန်တိုင်းနေရာတိုင်းမှာ ကိုယ့်အတွက်သုခဘုံပဲမဟုတ်လား??

"ကိုကိုခေါင်းသုတ်ပေး"

တဘက်လေးကိုင်ကာ ကုတင်ပေါ်ထိုင်နေတဲ့ Chanyeol ရှေ့မတ်တပ်ရပ်လိုက်ပြီး ဆံနွယ်လေးတွေခြောက်သွားအောင်သုပ်ပေးလိုက်တော့ သဘောခွေ့နေဟန်တူသည့်ကောင်လေးက တခ်ခ်ရယ်နေပြန်သည်

••Oxygen••Where stories live. Discover now