35

2.6K 197 18
                                    

"ဟင် အဲ့လိုကြီးလား😞"

သူငယ်ချင်းဖြစ်သူ Chen စကားကြောင့် Yeollie မျက်နှာလေးညိုးငယ်သွားသည်...

"အင်းပေါ့ မင်း hyung ကိုလိုက်လျောပေးသင့်တာ"

"ဒါမဲ့...ငါကြောက်လို့ပါကွာ😞"

Yeollie ကနာတာကြောက်လို့ Baekhyun ကိုခွင့်မပြုတဲ့ရက်တွေကများသည်...
ကိုကိုကတော့ အမြဲသူ့သဘောမို့ ခွင့်မပြုရင်ဘာဆိုဘာမှအထွန့်မတက်ချေ ...

အခု Chen ကပြောတယ် အဲ့လိုခဏခဏခွင့်မပြုရင် ကိုကို စိတ်ကုန်သွားမှာတဲ့...

ကိုကို စိတ်ကုန်သွားမှာ Yeollie အရမ်းကြောက်ပါသည်... ကိုကိုက သူ့ကိုဘာမှမပြောပေမဲ့ အလိုလိုကြောက်နေမိတာ...

"အဲ့တာဆို ငါဘာလုပ်ရမှာလဲဟင်"

"မင်းကိုကို ကိုမင်းဆွဲထားသင့်တာပေါ့"

"အဲ့လိုလား?😞"

"အင်းပေါ့"

"ကိုကိုက ငါ့ကိုဘာမှမပြောပါဘူးကွာ... ကလေးသဘောတဲ့"

"ဟူးး Park Chan ရေ...မင်းနဲ့တော့ခက်ပြီ..."

"ဘာလို့လဲဟင်?"

"မင်းကိုကိုက မင်းကိုအရမ်းချစ်တော့ အလိုလိုက်ထားတာလေ...ဒါပေမဲ့...ငါပြောပြမယ်ကွာ မင်းအရမ်းကြိုက်တဲ့မုန့်တစ်ခုကို မင်းရှေ့မှာပြထားပြီး မကျွေးရင်ဘယ်လိုခံစားရလဲ?"

"ငါလား?စိတ်မရှည်ပု အသစ်သွားဝယ်စားမှာပေါ့"

"အဲ့တာပဲလေ မင်းကိုကိုအသစ်သွားဝယ်စားရင် ဘယ်လိုလုပ်မလဲ"

"ဟာ မင်းကလဲ ကိုကိုကအဲ့လိုလူမဟုတ်ပါဘူး"

"မင်းကိုကိုကလဲလူပဲလေကွာ"

"အဲ့တာဆိုငါဘာလုပ်ရမလဲဟင် Chen ah ကိုကို အသစ်ဝယ်မစားအောင်😞"

"မင်းကကျွေးရမှာပေါ့"

"အဲ့လိုလား😓ဒါမဲ့ငါကြောက်တယ်😞"

"အောဟော အသစ်ကျွေးချင်တယ်ပေါ့"

"ဟင့်အင်း ဟင်းအင်း မစားခိုင်းပု...ကိုကို့ ကိုငါပဲကျွေးမှာ"

Park Chanyeol လေးနှုတ်ခမ်းလေးကို ဆူကာ စဉ်းစားလိုက်သည်...
ကိုကို သူများကိုတော့မစားစေရပု Park Chanyeol လေးကိုပဲစားရမယ်...

••Oxygen••حيث تعيش القصص. اكتشف الآن